Gtalk ကနေ မြန်မာနိုင်ငံကို ဖုန်း Message ပို့ချင်တဲ့ လူများအတွက်

gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်းMesge ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ ၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။ ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။

အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။ အောက်က ပုံလေးလို ပို့ကြည့်ပါ။


gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar )အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ spacebar ခံရပါတယ်။country code တွေ ခံစရာမလိုပါဘူး။ 095217892 ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။



ဆက်လက်ဖတ်ရှူရန်...

USB မှ ပါလာသော Virus ကိုကာကွယ်နည်း

တော်တော်များတော့ သိပြီးသားတွေ ဖြစ်မှာပါ။ ကိုယ်ပိုင်ကွန်ပျုတာ သုံးတဲ့လူတွေ USB က ပါလာတဲ့ virus ကိုတော့ ကာကွယ်နိုင်အောင် ကျွန်တော်သိသလောက်လေး ရေးပြီး တင်ပေးလိုက်ပါတယ်။

ပထမဆုံး group policy ထဲက autoplay ကို သွားပြီး Enable ပေးထားမှ ရပါတယ်။ ကဲ...ဘယ်လို ဖြုတ်ထားရလည်းဆိုတာ ပြောပြမယ်။

startmenu မှ run ထဲတွင် gpedit.msc လို့ ရိုက်ထည့်လိုက်ပါ။ Group policy box တက်လာရင်
Local Computer Policy က User Configuration မှာ Administrative Templates ကို သွားလိုက်ပါ။
အဲဒီအောက် System ဆိုတာကို နိပ်လိုက်ပါ။ ညာဘက်မှာ Turn off Autoplay ဆိုတာကို double click ပေးလိုက်ပါ။ Enable ကို check ပေးလိုက်ပါ။ ပြီးရင် Apply ပေး၊ Ok ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေပါပြီး။
Enable ကို ဘာလို့ပေးရလည်းဆိုတော့ ဒီကောင်က USB Flash drive ထိုးတည့်လိုက်ရင် USB က ချက်ချင်းတက်လာတယ်။ ဒါကြောင့် virus က လွယ်တကူ ၀င်နိုင်တယ်။ Enable ပေးထားရင် တက်မလာတော့ဘူးလေ။ USB ကို သုံးချင်ရင် My computer ထဲက ၀င်သုံးမှ ရတယ်လေး။ သုံးတဲ့နေရာမှာလည်း flash drive ကို right click ထောက်ပြီး open ဆိုတဲ့နဲ့ မဖွင့်ပါနဲ့။ Explore နဲ့ ဖွင့်ပါ။
ဒါဆိုရင်တော့ တော်ရုံ virus လောက်တော့ မ၀င်နိုင်ပါဘူး။ လုပ်ကြည့်ကြည့်ပါ။ ကျွန်တော်လည်း အဲလိုပဲ သုံးပါတယ်။



ဆက်လက်ဖတ်ရှူရန်...

ချစ်သူပုံကို အသဲပုံလေး လုပ်ရအောင်

လုပ်နည်းကတော့ လွယ်လွယ်နဲ့ ခက်တယ်...ကျွန်တော်လည်း အစ်ကိုတစ်ယောက်ဆီက သင်ထားလို့ ပြန်မျှလိုက်ပါတယ်..
ဒီပုံလေးလိုပေါ့...

လုပ်နည်းကတော့

၁။ ပထမဆုံး file မှ open ပြီး မိမိကြိုက်တဲ့ photo ကို ယူလိုက်မယ်ဗျာ...

၂။ Coustom Shape Tool ကို ယူလိုက်မယ်..မသိရင် အောက်က ပုံလေးကို ကြည့်ပါခင်ဗျား...

၃။ Shape မှာ အသဲပုံလေးကို ယူလိုက်မယ်....

၎။ မိမိလုပ်ချင်တဲ့ ခေါင်းတစ်ဝုက်မှာ select ပေးပြီး အသဲပုံလေး ဆွဲချလိုက်မယ်...

၅။ Background ကို Juplicate layer ခွဲပါမယ်...

၆။ ပြီးရင် ok ပေးလိုက်ပါ...

၇။ Rasterize Layer ကို ကို ယူပါမယ်...အောက်က ပုံလေးမှာ ကြည့်ပြီး လုပ်ပါခင်ဗျာ...

၈။ Select Pixels ကို ယူပါ.......အောက်က ပုံလေးမှာ ကြည့်ပြီး လုပ်ပါခင်ဗျာ..

၉။ Background copy ကို အပေါ်ကို ဖိပြီးတော့ ဆွဲတင်လိုက်ပါခင်ဗျား.....ဒါဆိုရင် ပုံမှာ Select ပေးထားတဲ့ အသဲပုံလေး ပေါ်လာပါလိုက်မယ်...Shape1 က အလယ်ကို ရောက်သွားပါမယ်...

၁၀။ File မှာ New ကို ယူပါ..Ctrl+N ကို နိပ်လည်း ရပါတယ်..

၁၁။ height နဲ့ weight ကို မိမိကြိုက်သလိုထားပါခင်ဗျာ..ကျွန်တော်တော့ ၁၀ နဲ့ ၈ ထားပါတယ်...
size တော့ နဲနဲ့ ကြီးသွားတယ်..ပြီးရင် Ok သာပေးလိုက်ပါ..

၁၂။ အရင် Shape1 ကို select ပေးထားထားတဲ့ အသဲပုံလေးကို ဖိပြီးတော့ layer1 ပေါ်ကို ဆွဲချလိုက်ပါ...
Ctrl+C / Ctrl+ V နဲ့ သုံးလည်း ရပါတယ်...ပိုလွယ်ကူအောင်ဆိုပြီး ဖိပြီး ဆွဲချခိုင်းတာပါ..


၁၃။ ကျွန်တော်က size ကြီးကြီးယူတော့ ပုံက သေးနေလို့ Ctrl+T ကို သုံးပြီး အသဲပုံလေးကို ဆွဲကြီးလိုက်ပါတယ်..

၁၄။ layer1 မှ Blending Options ကို ယူလိုက်ပါ...

၁၅။ ဒီမှာတော့ အောက်ကမြှားထိုးထားတဲ့ ပုံလေးကို သေသေချာချာကြည့်ပြီးလုပ်ပါ..layer style box ကျလာရင်
Drop Shadown ကို Check ပေးလိုက်ပါ.Drop Shadown ကို select ပေးလိုက်ပါ..Select ပေးလိုက်ရင်
Structure တို့ Blend Mode တို့ ကျလာပါလိုက်မယ်. Opacity မှာ 75 လုပ်ထားပါ..
Angle မှာ 180' ထားပါ..distance မှာ 35 လောက်ထား..Spread မှာ 20 လောက်ထားပါ...
Inter Shasown ကို check ပေး.
Outer Glow ကို Check ပေး..
Inter Glow ကို Check ပေး.
Bevel and Emboss ကို Check ပေး..
Coutour ကို Check ပေး..
ပြီးရင် Ok ပေးလိုက်ပါ..
မိမိကြိုက်သလိုလည်း ထားလို့ရပါတယ်....ကျွန်တော်က သဘောယူပြထားတာပါ..

ဒါဆိုရင်တော့ ကျွန်တော်တို့ လိုချင်နေတဲ့ အသဲပုံလေးထားကို ချစ်သူ ရောက်လာပါပြီ.....
ချစ်သူ ရှိတဲ့ သူငယ်ချင်းများ... ချစ်သူနဲ့ အဆင်ပြေပါစေဗျာ...

အားလုံးကို ကျေးဇူးတင်ကြောင်း.....။


ဆက်လက်ဖတ်ရှူရန်...

နောက်ခံ background ကို စာလုံးပုံ ထွင်နည်း

ဒီနည်းလေးနဲ့လည်း တော်တော်လုပ်ဖြစ်တယ်။ photoshop စိတ်ဝင်စားသူများအတွက် ဒီနည်းလေးလည်း သိထားသင့်ပါတယ်။ ကဲလုပ်ကြည့်ရအောင်ဗျာ။
၁ ။အရင်ဆုံး နောက်ခံ background လုပ်ဖို့အတွက် file မှ open ပြီး မိမိကြိုက်တဲ့ ပုံကို ယူလိုက်မယ်ဗျာ။


၂။ horizontal type tool ကို ယူလိုက်ပါတယ်။

၃။ ပြီးရင် background ပေါ်မှာ မိမိကြိုက်တဲ့စာလုံး ရေးလိုက်ပါတယ်။ ကျွန်တော်တော့ Arial Black လို့ ရေးလိုက်ပါတယ်။


၎။ ပြီးတော့ Layer မှ Rasterize မှ Type ကို ယူလိုက်ပါတယ်။



၅။ layer tap မှာ background မှာ Indicates layer ကို ဖျောက်လိုက်ပါတယ်။ မသိရင် မျက်လုံးပုံလေးပါ။ အနီနဲ့ ၀ိုင်းပြထားပါတယ်။ click ထောက်လိုက်ရင် ပျောက်သွားပါလိမ့်မယ်။


၆။ Select မှ Color Range ကို ယူလိုက်ပါမယ်။


ရ။ Color Range box ကျလာရင် ဘာမှ လုပ်စရာမလိုပါဘူး။ ok ပဲ ပေးလိုက်ပါ။


၈။ Select မှ Inverse (shift+Ctrl+I) ကို ယူလိုက်ပါမယ်။


၉။
(၁) အောက်မှာ ပြထားတဲ့အတိုင်း (1) ဆိုတဲ့ Indicates layer က ကို ဖျောက်လိုက်ပါ။ ကျွန်တော်ပြောတာ နားမလည်ရင် မျက်လုံးပုံလေးကို ဖျေက်လိုက်ပါ။
(၂) 2 မှာပြထားတဲ့ Indicates layer ကို ပြန်ပြီး ဖေါ်လိုက်ပါ။ click လေးတစ်ချက် နိပ်လိုက်တာနဲ့ ပြန်ပေါ်သွားပါလိုက်မယ်။


၁၀။ Background ဆိုတဲ့အပေါ်မှာ rightclick ထောက်ပြီး Layer From Background ကို ယူလိုက်ပါ။


ူ၁၁။ layer box တက်လာရင် Ok ပေးလိုက်ပါ။


၁၂။ Select မှ Inverse (shift+Ctrl+I) ကို ယူလိုက်ပါမယ်။


၁၃။ ပြီးရင် paste (Ctrl+C) ကို ယူလိုက်တယ်။ မိမိကြိုက်တဲ့ ပုံတစ်ခုကို ထပ်ယူလိုက်ပါမယ်။ ကျွန်တော်တော့ ပုံထပ်မယူချင်တော့လို့..။ file မှာ new(Ctrl+N) ကိုယူလိုက်တယ်။ ပြီးရင် အဖြူရောင် background ကျလာရင် copy(Ctrl+V)ပြန်ချလိုက်တယ်။ ဒါဆိုရင်တော့ မိမိလိုချင်တဲ့ ပုံလေးထွက်လာပါလိမ့်မယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်..။










ဆက်လက်ဖတ်ရှူရန်...

ကွန်ပျုတာကြီးကို အပတ်စဉ် သန့်ရှင်းပေးပါ

ကွန်ပျုတာကို အချိန်ကြာမြင့်စွာ သုံးစွဲချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ (၇) ရက်တစ်ခါ သန့်ရှင်းပေးဖို့လိုအပ်ပါတယ်။
ကျွန်တော်တော့ အမြဲတမ်းလိုလို သန့်ရှင်းပေးပါတယ်။ သန့်ရှင်းတယ်ဆိုတာက နေ့တိုင်း ဖုံတွေခါနေရုံနဲ့တော့ ကွန်ပျူတာက သန့်ရှင်းသွားမှာ မဟုတ်ပါဘူး။ အပြင်ပန်းကြည့်ရင်တော့ ဖုံတွေစင်သွားတာလောက်တော့ ရှိတာပေါ့ဗျာ။
ကျွန်တော်ပြောတာက သန့်ရှင်းပေးပါဆိုတာ ကွန်ပျူတာထဲမှာ သုံးစွဲထားတဲ့ မလိုအပ်တဲ့ ဖိုင်းတွေ ဖျက်ပေးဖို့ နဲ့ ကွန်ပျုတာကြီး ပေါ့သွားသွားအောင် လုပ်ဆောင်ချက်ချကပြောတာပါ။ တော်တော်များများသိပြီးသွားတွေဖြစ်မှာပါ။ မသိသေးတဲ့ လူတွေအတွက် အကျိုးရှိမယ်ထင်လို့ ဒီပို့လေးကို ရေးဖြစ်သွားတာပါ။
ကဲ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတောကို အောက်မှာ ဖတ်ကြည့်ရအောင်...



ပထမအချက်

ကွန်ပျူတာမှာ သုံးပြုထားတဲ့ program တွေဟာ သုံးစွဲတာ ကြာမြင့်လာတဲ့အတွက် ဖိုင်တွေရှုပ်ပြီးတော့ ကွန်ပျူတာကြီး လေးလာပြီး ဟမ်းနေတာမျိုးတွေ ဖြစ်တက်ပါတယ်။ အဲဒါကြောင့် ဖိုင်တွေကို ပြန်စီပေးရပါတယ်။
ဘယ်လိုပြန်စီရလည်းဆိုတော့..
(ဒီနည်းက တော်တော်များများနားလည်သိရှိပြီးသားဆိုတော့ ပုံနဲ့ကျွန်တော် မရှင်းပြတော့ပါဘူး)
၁။ my computer ကို right click ပေးပြီး Manage ကို click လိုက်ပြီး ၀င်လိုက်ပါ။
၂။ဝင်ပြီးလို့ ရှိရင် Computer Management ရဲ့ Storage မှာ Disk Defragmenter ကို ၀င်(click)လိုက်ပါ။
၃။ဝင်ပြီးလို့ ညာဘက်မှာ Volume/Session Status/File System/ Capacity တို့ ရှိပါတယ်။
၎။အဲဒီမှာ Partistion ခွဲထားတဲ့ Drive တွေရှိပါတယ်။ C/D/E စသဖြင့်ပေါ့။ အရေးကြီးဆုံး လုပ်ပေးရမယ့် Drive
ကတော့ C/ ပါပဲ့။
၅။ C/ ကို select ပေးလိုက်ပါ။ ပြီးတော့ အောက်မှာ Defragmant ဆိုတာရှိတယ်။ အဲဒါကို click(နိပ်)လိုက်ပါ။
ဒါဆိုရင် Estimated disk usage before defragmention နဲ့ Estimated disk usage after
defragmention တို့ ရှိပါတယ်။ အဲဒီမှာ အပြာ/အဖြူ/အနီ/စိမ်း ရောင်တွေ တွေ့နေရပါလိမ့်မယ်။
အနီရောင်တွေ များနေရင်တော့ ဒါ ဖိုင်တွေ တော်တော် ရှုပ်နေလို့ပါ။ Defragment လုပ်ပြီးလို့ရှိရင်
အနီရောင်တွေ ပျောက်သွားပါလိုက်မယ်။ ကျန်တဲ့ Drive D/E/F တို့လည်း ဒီလိုပဲ လုပ်ပေးပါ။
(အမှတ်ချက်။ ။ နေ့တိုင်း Defragment မလုပ်ပါနဲ့။ နေ့တိုင်းလုပ်ရင် စက်(Processor )နာပါတယ်။
တစ်ပတ်တစ်ခါ ဖြစ်ဖြစ်၊ နစ်ပတ်တစ်ခါဖြစ်ဖြစ်လုပ်ပေးပါ။
ကဲ ပထမချက် ဖိုင်တွေ စီရမယ့် အချက်တော့ ပြောပြီးပြီ။

ဒုတိယအချက်

ဒုတိရအချက်ကတော့ ဖိုင်တွေကို အပတ်တိုင်း ဖျက်ပေးဖို့ပါ။ နေ့တိုင်း အသုံးပြုထားတဲ့ ဖိုင်တွေပေါ့။ ဥပမာ။ ။
photo/vedio ကို ဖွင့်လိုက်ရင် Photo ရဲ့ Shortcut လေးတွေဟာ drive C/ ထဲမှာ ၀င်မှတ်ထားပါတယ်။ program ဆိုလည်း ဒီလိုပဲ မှတ်ထားပါတယ်။ အဲဒါလေးတွေက ခဏတာမှာတော့ ဘာမှ မဖြစ်လောက်ဘူး။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ C/ ထဲမှာ ဖိုင်တွေ များလာပြီးတော့ KB မှ MB အထိ နေရာယူလာတက်တယ်။ အဲဒါကြောင့် ဖျက်ပေးရတယ်။ ကျွန်တော်တော့ တစ်ပတ်တစ်ခါ ဖျက်ပေးပါတယ်။
ကဲဘယ်လို ဖျက်ရလည်းဆိုတော့...

၁။ Recent Documents
My recent Document ဟာ computer မှာ ဘာသုံးသုံး History အနေနဲ့ မှတ်ထားတက်ပါတယ်။ အဲဒါတွေကို Group policy ကနေပြီး ပိတ်ထားလို့ရပါတယ်။ ဒါပေမယ့် အဲဒီနည်းကို တော်ရုံကွန်ပျုတာသုံးနေတဲ့လူက မသိနိုင်ပါဘူး။ နောက်မှာ ကျွန်တော် ဘယ်လို တင်ရလည်း ဆိုတာ ရေးပြီး တင်ပေးပါမယ်။ အခုက အဲဒါတွေကို ဖျက်ဖို့ကို ကျွန်တော် ပြောပြပါမယ်။
အလွယ်ကူဆုံး ဖြစ်အောင် ပြောပြပါမယ်။
startmenu မှ Run(window+R key) ကို click(၀င်)လိုက်ပါ။ run box လေးကျလာရင် run ထဲမှာ
recent လို့ ရိုက်ထည့်လိုက်ပါ။ My recent Document folder ကျလာပါလိုက်မယ်။ အဲဒီထဲမှာ ရှိတဲ့ Shortcut လေးတွေကို Ctrl+A ပေးပြီး အကုန် Delete လုပ်လိုက်ဗျာ..အေးရော...။

၂။ Prefetch
သူလည်း အပေါ်ကလိုပဲ..။
Startmenu မှာ run(win+R key) ကို ၀င်လိုက်ပါ။ run ထဲမှာ prefetch လို့ ရိုက်ထည့်လိုက်ပါ။
Prefetch folder ကျလာရင် အကုန်လုံးသာ Delete လုပ်လိုက်ဗျာ....။

၃။ Templates
သူလည်း အပေါ်ကလိုပါပဲ...။
Startmenu မှ run(win+R) ကို ၀င်လိုက်ပါ။ run ထဲမှာ %temp% လို့ ရိုက်ထဲလိုက်ပါတယ်။
ကျလာတဲ့ Temp folder ထဲက ဖိုင်တွေကို Delete လုပ်လိုက်ပါ။ temp folder ထဲက တစ်ချို့ ဖိုင်တွေဟာ delete လုပ်လို့မရပါဘူး။ select all ပေးပြီးလုပ်ရင် error ဖြစ်နေတဲ့ ဖိုင်နဲ့ရောပြီး delete လုပ်လို့မရတာတွေ ဖြစ်တက်တယ်။အဲဒါကြောင့် တစ်ခုချင်းစီဖြစ်ဖြစ်၊ သုံးလေးခုချင်းစီဖြစ်ဖြစ် delete လုပ်ပါ။ လုံးဝ လုပ်လို့ မရရင်
unlocker နဲ့သာ လုပ်လိုက်တော့ဗျာ။
ကဲဒါလေးကတော့ ကျွန်တော် အပတ်စဉ်အပတ်တိုင်း လုပ်နေတဲ့ အကျင့်လေးပေါ့။ စေတနာလေးနဲ့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း ကွန်ပျူတာနဲ့ ပက်သက်ပြီး ဆရာကြီး မဟုတ်ပါဘူး။ ကို့လိုပဲ မသိသေးတဲ့
လူတွေကို ကိုယ်ချင်းစာပြီး တင်ပေးတာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အိပ်တော့မယ်ဗျာ...။ ဘိုင်ဘိုင်!



ဆက်လက်ဖတ်ရှူရန်...

mozilla firefox ကို မြန်အောင်လုပ်ကြရအောင်

ကျွန်တော်တို့ မော်ဇီလာကို ဖွင့်လိုက်ရင် လေးနေတက်တယ်။ အကြာကြီးလေး စောင့်နေရတယ်။ အဲလိုမျိုးဆိုရင် အချိန်လည်း ကြာစေတယ်။ အဲဒီအတွက် ရည်ရွယ်ပြီး ရေးလိုက်တာပါ။ ဖိုရမ်တွေ တော်တော်များများမှာလည်း ရေးထားတာရှိပါတယ်။ အဲဒါကြောင့် တော်တော်များများလည်း သိပြီးသားတွေ ဖြစ်မှာပါ။ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်ခြင်း ဖြစ်ပါတယ်။
ပထမဆုံး ဘာလုပ်ရမှာလည်း ဆိုတော့..
firefox ကိုဖွင့်မယ်။
ပြီးရင် Adress bar မှာ about:config လို့ ရိုက်ထည့်လိုက်ပါ။ ပြီးရင် enter ခေါက်လိုက်ပါ။
ဒါဆိုရင် အောက်က box လေး ပေါ်လာပါလိမ့်မယ်။



i will be careful,i promise ဆိုတာလေးကို click လိုက်ပါ။
ပြီးရင် အပေါ်ဆုံးမှာ Fliter ဆိုတာ ရှိတယ်။ အဲဒီထဲမှာ network.http.pipelining ကို ရိုက်ထည့်လိုက်ပါ။
အဲဒါဆိုရင် အောက်မှာ network.http.pipelining နဲ့ပက်သက်တာတွေ ကြလာပါလိမ့်မယ်။ အဲဒီမှာ status/type/value ဆိုတဲ့ ရှိတယ်။network.http.pipelining ရဲ့ value မှာ flase ဖြစ်နေပါလိမ့်မယ်။ true ဖြစ်အောင်လုပ်လိုက်ပါ။
အဲဒါလေးကို double click ထောက်လိုက်ပါ။ ture ဖြစ်သွားပါလိမ့်မယ်။
သူအောက်မှာ network.http.pipelining.maxreguests ဆိုတာရှိတယ်။ အဲဒါရဲ့ value 4 ဖြစ်နေလိမ့်မယ်။ အဲဒါကို double click ထောက်ပြီး 100 လို့ပြောင်းပေးလိုက်ပါ။
ပြီးတော့ အပေါ်ဆုံးက filter ထဲမှာ network.http.proxy.pipelining ကိုရိုက်ပြီး ရှာလိုက်ရင် အောက်မှာ
network.http.proxy.pipelining ဆိုတာကျလာပါလိမ့်မယ်။ အဲဒီမှာလည်း flase ဖြစ်နေရင် true ပြောင်းပေးလိုက်ပါ။ ပြီးရင် firefox ကိုပြန်ပိတ်ပြီး ပြန်ပွင့်ကြည့်ကြည့်ပါ။ မြန်လာတာတွေ့ရပါလိမ့်မယ်။
ဒုတိယနည်းကတော့
firefox ကို ဖွင့်လိုက်ပြီး Ctrl+Shift+H ကိုနိပ်လိုက်ပါ။ ပြီးတော့ Libray ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
history ထဲမှာ ရှိတဲ့ဟာတွေကို ရှိတဲ့ဟာတွေ Ctrl+A ကိုနိပ်လိုက်ပါ။ ပြီးတော့ right click ထောက်လိုက်ပါ။ ညာဘက်မှာ delete ဆိုတာကို နိပ်လိုက်ပါ။ ဒါဆိုရင်တော့ နည်းနည်းတော့ ပေါ့လာပါလိမ့်မယ်။
ကျွန်တော်သိတာတော့ ဒါလေးပဲရှိတယ်။ သိတာလေး မျှဝေလိုက်မယ်။



ဆက်လက်ဖတ်ရှူရန်...

ကျော်ခွမယ့် ဆိုဒ်များ

အခု ဒီပို့လေး ရေးလိုက်တာကတော့ လက်ရှိ ထားဝယ်မြို့မှာ နေကြတဲ့ ထားဝယ်သူ/ ထားဝယ်သားအတွက် ရည်ရွယ်ပြီး ရေးလိုက်သလိုဖြစ်သလို တစ်ခြား ၀င်လို့ မရတဲ့ သူငယ်ချင်းတွေအတွက်ပါ ရေးလိုက်ချင်း ဖြစ်ပါတယ်။
ထားဝယ်မှာ ning.com တွေကို ၀င်လို့ မရဘူးလို့ ပြောကြတယ်။ ကျော်ဝင်လို့
ရအောင် ကျွန်တော် ရေးလိုက်ပါတယ်..။


https://dawei-it.ning.com နဲ့ အရင်ဝင်ကြည့်ကြပါ..။ http မှာ s ထည့်ဖို့ မမေ့ပါနဲ့နော်။
အဲဒါနဲ့ပါ ၀င်လို့ မရဘူးဆိုရင်တော့။။ အောက်မှာ ပေးထားတဲ့ ဆိုဒ်သုံးခုနဲ့ ကျော်ဝင်ကြည့်ကြပါခင်ဗျား...
၁။ http://www.ctunnel.com/
၂။ http://www.btunnel.com/
၃။ http://www.bypasstoday.com/

အားလုံးပဲ အဆင်ပြေပါစေခင်ဗျာ..


ဆက်လက်ဖတ်ရှူရန်...

photoshop နဲ့ အင်္ကျီကို Animation လုပ်နည်း

ကျွန်တော်တို့ အင်္ကျီတွေကို အရောင်လေးတွေ အရှင်ဖြစ်သွားအောင် Adnimation လေးတွေ လုပ်ကြရအောင်ဗျာ...။
ကျွန်တော် အားရင် အားသလို တင်ပေးသွားမယ်။ ဘာမှ မခက်ပါဘူး။ မသိခင်လေးပဲ ခက်နေတာပါ။ သိသွားရင်တော့ အော် တော်တော်လွယ်ပါလားလို့ ထင်သွားပါလိမ့်မယ်။

ကဲ..ဘယ်လို လုပ်ရမယ်ဆိုတာကတော့...ဒီလို

၁။ File ကို open ပြီး photo ကိုယူလိုက်မယ်.




၂။ Rectangular Marquee Tool ကို ယူလိုက်ပြီး photo ပေါ်မှာ ၀ိုင်းလိုက်မယ်။ ပုံမှာ ပြထားပါတယ်။ ပြီးတော့
Ctrl+C ကို နိပ်ပြီးတော့ Ctrl+V ကို အဲဒီ photo အပေါ်မှာပဲ နိပ်ချလိုက်ပါမယ်။



၃။ Tools မှ Polygonal Lasso Tool ကို ယူလိုက်မယ်။



၎။ Polygonal Lasso Tool ကို အသုံးပြုပြီးတော့ ပုံမှာ အင်္ကျီနဲ့ ခါးပတ်ကို ၀ိုင်းလိုက်မယ်။ ဒီနေရာမှာ ပြောစရာရှိတာက အင်္ကျီကိုတော့ ၀ိုင်းလို့ ရပြီး ခါးပတ်ကိုတော့ ၀ိုင်းလို့ မရတာမျိုးဖြစ်တက်တယ်။ ဘာလို့ မရတာလည်း ဆိုတော့ ခါးပတ်နဲ့ အင်္ကျီက ဆက်စပ်မှုမရှိလို့ပါ။ ခါးပတ်ကို ၀ိုင်းလိုက်ရင် အင်္ကျီမှာ ၀ိုင်းထားတာ ပျောက်သွားတာပေါ့။ ဒါဆိုရင် ခါးပတ်ကို ၀ိုင်းတော့မယ်ဆိုရင် shift key လေးကို ဖိပြီး ၀ိုင်းပါ။ ဒါဆိုရင် အဆင်ပြေပါပြီ။



၅။ ၀ိုင်းလို့ ပြီးသွားပြီ ဆိုရင်တော့ အရောင်လေးတွေ ပြောင်းဖို့အတွက် Image မှာ Adjustment မှ Hue/Saturation (Ctrl+U) ကို ယူလိုက်ပါ။



၆။ Hue ကို +101 လောက်ပေး ၊ Saturation +13 လောက်ပေးပါ။ ကိုကြိုက်တဲ့ အရောင်ကို ကိုပေးပေါ့။



ရ။ ဒါဆိုရင် ကျွန်တော် ပေးထားတဲ့ ခရမ်းရောင်လေးတော့ ထွက်လာပါပြီ။ Adnimation လုပ်ဖို့ပဲ ကျန်တော့တယ်။



Window မှ Adnimation ကို ယူလိုက်မယ်ဗျာ။



၉။ ပြီးရင် Adnimation box ကျလာရင် Make Frames for layers ကို ယူလိုက်မယ်။Adnimation box မှာ ပုံနစ်ပုံ ပေါ်လာတာတွေ့ရမယ်။



၁၀။ ပြီးရင်တော့ ပုံနစ်ပုံလုံးကို Ctrl key ကို ဖိပြီး select ပေးလိုက်မယ်။ second ကို 0.2 second ပေးလိုက်မယ်



၁၁။ ပြီး play ဆိုတာလေးကို နိပ်လိုက်ပါ။ ဒါဆိုရင် ၀ိုင်းစုခိုင်ခိုင်းရဲ့ အင်္ကျီလေးမှာ အရောင်နစ်မျိုးပြောင်းနေတာ တွေ့ရမယ်။



၁၂။ save တော့မယ်ဆိုရင် အရင်လို save as တို့နဲ့ မသိမ်းပဲနဲ့ Save For Web & Divices(Ctrl+Shift+Alt+S) ကို နဲ့ save လိုက်မယ်။




13။ save တဲ့ box လေး ပေါ်လာရင် မိမိကြိုက်တဲ့နေမှာ save လိုက်ပါခင်ဗျာ။



ဒါဆိုရင် ကျွန်တော်တို့ လိုချင်နေတဲ့ ပုံလေး ထွက်လာပါပြီ။
ကြည့်ကြည့်ပါခင်ဗျာ။



ဒါလေးကိုကို အခြေံပြီး တစ်ခြား Adnimation လေးတွေလည်း လုပ်လို့ရပါတယ်။




ဆက်လက်ဖတ်ရှူရန်...

Photoshop "Magic Wand Tool" ရဲ့ အသုံးဝင်ပုံ

Magie Wand Tool ရဲ့ အသုံးဝင်ပုံကတော့ ဖြတ်ညှပ်ကပ်တွေမှာ နောက်ခံအရောင် တစ်ရောင်တည်း ရှိတဲ့နေရာတွေမှာဆိုရင် အချိန်ကုန်သက်သာစေပြီး..ပိုပြီးမြန်ဆန်စေပါတယ်..photoshop လုပ်တဲ့လူတွေတော်တော်များများတော့ ဒီနည်းကို သုံးကြလို့ တော်တော်များများလည်း သိကြပါတယ်..
ကျွန်တော်ရည်ရွယ်တာကတော့ မသိသေးတဲ့ သူငယ်ချင်းများအတွက်ပါ..Magic Wand Tool ကို မသုံးပဲ
နောက်ခံအရောင် တစ်ရောင်တည်းရှိတဲ့နေရာတွေမှာ..ဖြတ်ညှပ်ကပ်လုပ်ရင် Magie Wand Tool ကို မသုံးပဲ
Polygonal Lasso Tool ကို သုံးနေမှာ စိုးလို့ပါ..Polygonal lasso Tool ကတော့ အနောက်ခံကာလာက တစ်ရောင်တည်း မဟုတ်ပဲ ရှုပ်ထွေနေမှသာသား အသုံးပြုလို့ကောင်းတယ်..ဒီနည်းက အချိန်လည်းကြာစေတယ်..
ဒါကြောင့် Magie Wand Tool ကို သုံးတာပါ..
ဘယ်လို အသုံဝင်လည်း ဆိုတာ အောက်မှာ ပုံလေးနဲ့တကွ ရှင်းပြထားပါတယ်..

၁။Magie Wand Tool ဘယ်နေရာမှာ ရှိလည်း ဆိုတာ ကြည့်ရအောင်..



၂။Magie Wand ကို သိပြီ ဆိုရင်တော့ File မှ open (Ctrl+O) ကို အသုံးပြုပြီး ပုံကို ယူလိုက်ပါတယ်..



၃။ အနောက်ခံ ကာလာ(background) နေရာမှာ Magie Wand Tool အစက်ကို သွားချလိုက်ပါ..



၎။ အစက်ချလို့ ပြီးပြီဆိုရင်တော့ ကာလာတူတဲ့နေရာတွေကို Select ပေးသွားတာ တွေ့ရပါလိုက်မယ်.
ဒါပေမယ့် တစ်ချို့နေရာတွေက ကာလာလေး တူသလိုနဲ့ နဲနဲစီ ကွဲနေတဲ့နေရမျိုးရှိနေတက်တယ်..
ဒဲဒီလိုမျိုးနေရာမှာ Shift key ကို ဖိပြီးတော့ အစက်ချလိုက်ပါ..တစ်ချို့နေရာ ကွင်းစက်မမိပဲ နေတက်တဲ့နေရာမျိုး..
ဥပမာ_လက်တွေကြားကို ရောက်နေတဲ့ နေရာမျိုးတွေမှာလည်း Shift key ကို ဖိပြီး အစက်ချလိုက်ရင် သူနဲ့ အနောက်ခံကာလာတူတဲ့ နေရာတွေ အားလုံးကို Select ပေးတာ တွေ့ရပါလိုက်မယ်..အောက်ကပုံမှာ ကြည့်လိုက်ပါ.

Shift key ဖိထားတဲ့ပုံ.



shift key ဖိထားပြီးလို့ အားလုံး select လုပ်ပြီးသွားတဲ့ပုံ



၅။ Select အားလုံးလုပ်ပြီးသွားတဲ့ အချိန်မှာ Select မှ Inverse (Ctrl+Shift+I) ကို ယူလိုက်ပါတယ်..ဘာဖြစ်လို့ Inverse ကို ယူရလည်း ဆိုတော့ သူက Inverse မပေးထားရင်..တစ်ခြား background ကို ချိန်းဖို့အတွက် copy ယူတဲ့အချိန်မှာ လူပုံပါမလာပဲ အနောက်ခံ background ကြီးပါလာပါတယ်.. ကိုက လူပုံကို ဖြတ်ထုတ်ချင်တယ်ဆိုတော့ Inverse ပေးလိုက်မှပဲ select က လူပုံကို select သွားပါတယ်..ဒါမှလည်း ကိုလိုချင်တဲ့ လူပုံကပါလာပါတယ်..ဒါကြောင့် ကျွန်တော် Iverse ကို ယူလိုက်တယ်..



၆။ Inverse လုပ်ပြီးမှာတော့ Adit မှာ copy(Ctrl+C) ကို ယူပါမယ်..



ရ။ တစ်ခြား background မှာ သွားထည့်ရတော့မယ်ဆိုတော့..အဲဒီအတွက် တစ်ခြားပုံကို
file မှာ open(Ctrl+O) ကို ယူလိုက်ပါမယ်.



၈။ ပုံယူလို့ ပြီးပြီဆိုတော့ No ၆ က copy ယူထားလို့..ဒီ background အပေါ်မှာ Adit မှ paste(Ctrl+V) လာချပါတယ်.




၉။ Paste လာချတော့ ပုံက သေးနေတော့ Free Tranform (Ctrl+t) ကို ယူလိုက်ပါမယ်..ပုံကို Background နဲ့ ကိုက်ညီအောင် လုပ်ဖို့အတွက်ပါ



၁၀။ Free Tranform ကို အသုံးပြုပြီး ၀ိုင်းစုခိုင်သိန်းပုံကို background နဲ့ ကိုက်ညီအောင် ညှိလိုက်မယ်..



ကဲ..အားလုံးပြီးမှာတော့ အရမ်းကို လှပတဲ့ ပုံတစ်ပုံထွက်လာပါပြီ....Magie Wand Tool ရဲ့ အသုံးဝင်ပုံကတော့
တွေ့ပြီနော်...ဒီနေရာမှာတင်မကဘူး..တစ်ခြားနေရာတွေမှာ အသုံးပြုလို့ရပါတယ်..





ဆက်လက်ဖတ်ရှူရန်...

Design By

free skin 4 MM

Design by : Free Skin For MM