ကွန်ပျုတာကြီးကို အပတ်စဉ် သန့်ရှင်းပေးပါ

ကွန်ပျုတာကို အချိန်ကြာမြင့်စွာ သုံးစွဲချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ (၇) ရက်တစ်ခါ သန့်ရှင်းပေးဖို့လိုအပ်ပါတယ်။
ကျွန်တော်တော့ အမြဲတမ်းလိုလို သန့်ရှင်းပေးပါတယ်။ သန့်ရှင်းတယ်ဆိုတာက နေ့တိုင်း ဖုံတွေခါနေရုံနဲ့တော့ ကွန်ပျူတာက သန့်ရှင်းသွားမှာ မဟုတ်ပါဘူး။ အပြင်ပန်းကြည့်ရင်တော့ ဖုံတွေစင်သွားတာလောက်တော့ ရှိတာပေါ့ဗျာ။
ကျွန်တော်ပြောတာက သန့်ရှင်းပေးပါဆိုတာ ကွန်ပျူတာထဲမှာ သုံးစွဲထားတဲ့ မလိုအပ်တဲ့ ဖိုင်းတွေ ဖျက်ပေးဖို့ နဲ့ ကွန်ပျုတာကြီး ပေါ့သွားသွားအောင် လုပ်ဆောင်ချက်ချကပြောတာပါ။ တော်တော်များများသိပြီးသွားတွေဖြစ်မှာပါ။ မသိသေးတဲ့ လူတွေအတွက် အကျိုးရှိမယ်ထင်လို့ ဒီပို့လေးကို ရေးဖြစ်သွားတာပါ။
ကဲ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတောကို အောက်မှာ ဖတ်ကြည့်ရအောင်...



ပထမအချက်

ကွန်ပျူတာမှာ သုံးပြုထားတဲ့ program တွေဟာ သုံးစွဲတာ ကြာမြင့်လာတဲ့အတွက် ဖိုင်တွေရှုပ်ပြီးတော့ ကွန်ပျူတာကြီး လေးလာပြီး ဟမ်းနေတာမျိုးတွေ ဖြစ်တက်ပါတယ်။ အဲဒါကြောင့် ဖိုင်တွေကို ပြန်စီပေးရပါတယ်။
ဘယ်လိုပြန်စီရလည်းဆိုတော့..
(ဒီနည်းက တော်တော်များများနားလည်သိရှိပြီးသားဆိုတော့ ပုံနဲ့ကျွန်တော် မရှင်းပြတော့ပါဘူး)
၁။ my computer ကို right click ပေးပြီး Manage ကို click လိုက်ပြီး ၀င်လိုက်ပါ။
၂။ဝင်ပြီးလို့ ရှိရင် Computer Management ရဲ့ Storage မှာ Disk Defragmenter ကို ၀င်(click)လိုက်ပါ။
၃။ဝင်ပြီးလို့ ညာဘက်မှာ Volume/Session Status/File System/ Capacity တို့ ရှိပါတယ်။
၎။အဲဒီမှာ Partistion ခွဲထားတဲ့ Drive တွေရှိပါတယ်။ C/D/E စသဖြင့်ပေါ့။ အရေးကြီးဆုံး လုပ်ပေးရမယ့် Drive
ကတော့ C/ ပါပဲ့။
၅။ C/ ကို select ပေးလိုက်ပါ။ ပြီးတော့ အောက်မှာ Defragmant ဆိုတာရှိတယ်။ အဲဒါကို click(နိပ်)လိုက်ပါ။
ဒါဆိုရင် Estimated disk usage before defragmention နဲ့ Estimated disk usage after
defragmention တို့ ရှိပါတယ်။ အဲဒီမှာ အပြာ/အဖြူ/အနီ/စိမ်း ရောင်တွေ တွေ့နေရပါလိမ့်မယ်။
အနီရောင်တွေ များနေရင်တော့ ဒါ ဖိုင်တွေ တော်တော် ရှုပ်နေလို့ပါ။ Defragment လုပ်ပြီးလို့ရှိရင်
အနီရောင်တွေ ပျောက်သွားပါလိုက်မယ်။ ကျန်တဲ့ Drive D/E/F တို့လည်း ဒီလိုပဲ လုပ်ပေးပါ။
(အမှတ်ချက်။ ။ နေ့တိုင်း Defragment မလုပ်ပါနဲ့။ နေ့တိုင်းလုပ်ရင် စက်(Processor )နာပါတယ်။
တစ်ပတ်တစ်ခါ ဖြစ်ဖြစ်၊ နစ်ပတ်တစ်ခါဖြစ်ဖြစ်လုပ်ပေးပါ။
ကဲ ပထမချက် ဖိုင်တွေ စီရမယ့် အချက်တော့ ပြောပြီးပြီ။

ဒုတိယအချက်

ဒုတိရအချက်ကတော့ ဖိုင်တွေကို အပတ်တိုင်း ဖျက်ပေးဖို့ပါ။ နေ့တိုင်း အသုံးပြုထားတဲ့ ဖိုင်တွေပေါ့။ ဥပမာ။ ။
photo/vedio ကို ဖွင့်လိုက်ရင် Photo ရဲ့ Shortcut လေးတွေဟာ drive C/ ထဲမှာ ၀င်မှတ်ထားပါတယ်။ program ဆိုလည်း ဒီလိုပဲ မှတ်ထားပါတယ်။ အဲဒါလေးတွေက ခဏတာမှာတော့ ဘာမှ မဖြစ်လောက်ဘူး။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ C/ ထဲမှာ ဖိုင်တွေ များလာပြီးတော့ KB မှ MB အထိ နေရာယူလာတက်တယ်။ အဲဒါကြောင့် ဖျက်ပေးရတယ်။ ကျွန်တော်တော့ တစ်ပတ်တစ်ခါ ဖျက်ပေးပါတယ်။
ကဲဘယ်လို ဖျက်ရလည်းဆိုတော့...

၁။ Recent Documents
My recent Document ဟာ computer မှာ ဘာသုံးသုံး History အနေနဲ့ မှတ်ထားတက်ပါတယ်။ အဲဒါတွေကို Group policy ကနေပြီး ပိတ်ထားလို့ရပါတယ်။ ဒါပေမယ့် အဲဒီနည်းကို တော်ရုံကွန်ပျုတာသုံးနေတဲ့လူက မသိနိုင်ပါဘူး။ နောက်မှာ ကျွန်တော် ဘယ်လို တင်ရလည်း ဆိုတာ ရေးပြီး တင်ပေးပါမယ်။ အခုက အဲဒါတွေကို ဖျက်ဖို့ကို ကျွန်တော် ပြောပြပါမယ်။
အလွယ်ကူဆုံး ဖြစ်အောင် ပြောပြပါမယ်။
startmenu မှ Run(window+R key) ကို click(၀င်)လိုက်ပါ။ run box လေးကျလာရင် run ထဲမှာ
recent လို့ ရိုက်ထည့်လိုက်ပါ။ My recent Document folder ကျလာပါလိုက်မယ်။ အဲဒီထဲမှာ ရှိတဲ့ Shortcut လေးတွေကို Ctrl+A ပေးပြီး အကုန် Delete လုပ်လိုက်ဗျာ..အေးရော...။

၂။ Prefetch
သူလည်း အပေါ်ကလိုပဲ..။
Startmenu မှာ run(win+R key) ကို ၀င်လိုက်ပါ။ run ထဲမှာ prefetch လို့ ရိုက်ထည့်လိုက်ပါ။
Prefetch folder ကျလာရင် အကုန်လုံးသာ Delete လုပ်လိုက်ဗျာ....။

၃။ Templates
သူလည်း အပေါ်ကလိုပါပဲ...။
Startmenu မှ run(win+R) ကို ၀င်လိုက်ပါ။ run ထဲမှာ %temp% လို့ ရိုက်ထဲလိုက်ပါတယ်။
ကျလာတဲ့ Temp folder ထဲက ဖိုင်တွေကို Delete လုပ်လိုက်ပါ။ temp folder ထဲက တစ်ချို့ ဖိုင်တွေဟာ delete လုပ်လို့မရပါဘူး။ select all ပေးပြီးလုပ်ရင် error ဖြစ်နေတဲ့ ဖိုင်နဲ့ရောပြီး delete လုပ်လို့မရတာတွေ ဖြစ်တက်တယ်။အဲဒါကြောင့် တစ်ခုချင်းစီဖြစ်ဖြစ်၊ သုံးလေးခုချင်းစီဖြစ်ဖြစ် delete လုပ်ပါ။ လုံးဝ လုပ်လို့ မရရင်
unlocker နဲ့သာ လုပ်လိုက်တော့ဗျာ။
ကဲဒါလေးကတော့ ကျွန်တော် အပတ်စဉ်အပတ်တိုင်း လုပ်နေတဲ့ အကျင့်လေးပေါ့။ စေတနာလေးနဲ့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း ကွန်ပျူတာနဲ့ ပက်သက်ပြီး ဆရာကြီး မဟုတ်ပါဘူး။ ကို့လိုပဲ မသိသေးတဲ့
လူတွေကို ကိုယ်ချင်းစာပြီး တင်ပေးတာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အိပ်တော့မယ်ဗျာ...။ ဘိုင်ဘိုင်!



1 comment:

chu said...

Computer Management ရဲ့ Storage မှာ Disk Defragmenter ko ma twe bar bu.. disk management pal twe par tel... Defragmenter ko shar lo ma twe lo .. ku nyi par own .. kyay zu tin par tel.. :)

Design By

free skin 4 MM

Design by : Free Skin For MM