USB မှ ပါလာသော Virus ကိုကာကွယ်နည်း

တော်တော်များတော့ သိပြီးသားတွေ ဖြစ်မှာပါ။ ကိုယ်ပိုင်ကွန်ပျုတာ သုံးတဲ့လူတွေ USB က ပါလာတဲ့ virus ကိုတော့ ကာကွယ်နိုင်အောင် ကျွန်တော်သိသလောက်လေး ရေးပြီး တင်ပေးလိုက်ပါတယ်။

ပထမဆုံး group policy ထဲက autoplay ကို သွားပြီး Enable ပေးထားမှ ရပါတယ်။ ကဲ...ဘယ်လို ဖြုတ်ထားရလည်းဆိုတာ ပြောပြမယ်။

startmenu မှ run ထဲတွင် gpedit.msc လို့ ရိုက်ထည့်လိုက်ပါ။ Group policy box တက်လာရင်
Local Computer Policy က User Configuration မှာ Administrative Templates ကို သွားလိုက်ပါ။
အဲဒီအောက် System ဆိုတာကို နိပ်လိုက်ပါ။ ညာဘက်မှာ Turn off Autoplay ဆိုတာကို double click ပေးလိုက်ပါ။ Enable ကို check ပေးလိုက်ပါ။ ပြီးရင် Apply ပေး၊ Ok ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေပါပြီး။
Enable ကို ဘာလို့ပေးရလည်းဆိုတော့ ဒီကောင်က USB Flash drive ထိုးတည့်လိုက်ရင် USB က ချက်ချင်းတက်လာတယ်။ ဒါကြောင့် virus က လွယ်တကူ ၀င်နိုင်တယ်။ Enable ပေးထားရင် တက်မလာတော့ဘူးလေ။ USB ကို သုံးချင်ရင် My computer ထဲက ၀င်သုံးမှ ရတယ်လေး။ သုံးတဲ့နေရာမှာလည်း flash drive ကို right click ထောက်ပြီး open ဆိုတဲ့နဲ့ မဖွင့်ပါနဲ့။ Explore နဲ့ ဖွင့်ပါ။
ဒါဆိုရင်တော့ တော်ရုံ virus လောက်တော့ မ၀င်နိုင်ပါဘူး။ လုပ်ကြည့်ကြည့်ပါ။ ကျွန်တော်လည်း အဲလိုပဲ သုံးပါတယ်။



No comments:

Design By

free skin 4 MM

Design by : Free Skin For MM