ကျွန်တော် အားရင် အားသလို တင်ပေးသွားမယ်။ ဘာမှ မခက်ပါဘူး။ မသိခင်လေးပဲ ခက်နေတာပါ။ သိသွားရင်တော့ အော် တော်တော်လွယ်ပါလားလို့ ထင်သွားပါလိမ့်မယ်။
ကဲ..ဘယ်လို လုပ်ရမယ်ဆိုတာကတော့...ဒီလို
၁။ File ကို open ပြီး photo ကိုယူလိုက်မယ်.
၂။ Rectangular Marquee Tool ကို ယူလိုက်ပြီး photo ပေါ်မှာ ၀ိုင်းလိုက်မယ်။ ပုံမှာ ပြထားပါတယ်။ ပြီးတော့
Ctrl+C ကို နိပ်ပြီးတော့ Ctrl+V ကို အဲဒီ photo အပေါ်မှာပဲ နိပ်ချလိုက်ပါမယ်။
၃။ Tools မှ Polygonal Lasso Tool ကို ယူလိုက်မယ်။
၎။ Polygonal Lasso Tool ကို အသုံးပြုပြီးတော့ ပုံမှာ အင်္ကျီနဲ့ ခါးပတ်ကို ၀ိုင်းလိုက်မယ်။ ဒီနေရာမှာ ပြောစရာရှိတာက အင်္ကျီကိုတော့ ၀ိုင်းလို့ ရပြီး ခါးပတ်ကိုတော့ ၀ိုင်းလို့ မရတာမျိုးဖြစ်တက်တယ်။ ဘာလို့ မရတာလည်း ဆိုတော့ ခါးပတ်နဲ့ အင်္ကျီက ဆက်စပ်မှုမရှိလို့ပါ။ ခါးပတ်ကို ၀ိုင်းလိုက်ရင် အင်္ကျီမှာ ၀ိုင်းထားတာ ပျောက်သွားတာပေါ့။ ဒါဆိုရင် ခါးပတ်ကို ၀ိုင်းတော့မယ်ဆိုရင် shift key လေးကို ဖိပြီး ၀ိုင်းပါ။ ဒါဆိုရင် အဆင်ပြေပါပြီ။
၅။ ၀ိုင်းလို့ ပြီးသွားပြီ ဆိုရင်တော့ အရောင်လေးတွေ ပြောင်းဖို့အတွက် Image မှာ Adjustment မှ Hue/Saturation (Ctrl+U) ကို ယူလိုက်ပါ။
၆။ Hue ကို +101 လောက်ပေး ၊ Saturation +13 လောက်ပေးပါ။ ကိုကြိုက်တဲ့ အရောင်ကို ကိုပေးပေါ့။
ရ။ ဒါဆိုရင် ကျွန်တော် ပေးထားတဲ့ ခရမ်းရောင်လေးတော့ ထွက်လာပါပြီ။ Adnimation လုပ်ဖို့ပဲ ကျန်တော့တယ်။
Window မှ Adnimation ကို ယူလိုက်မယ်ဗျာ။
၉။ ပြီးရင် Adnimation box ကျလာရင် Make Frames for layers ကို ယူလိုက်မယ်။Adnimation box မှာ ပုံနစ်ပုံ ပေါ်လာတာတွေ့ရမယ်။
၁၀။ ပြီးရင်တော့ ပုံနစ်ပုံလုံးကို Ctrl key ကို ဖိပြီး select ပေးလိုက်မယ်။ second ကို 0.2 second ပေးလိုက်မယ်
၁၁။ ပြီး play ဆိုတာလေးကို နိပ်လိုက်ပါ။ ဒါဆိုရင် ၀ိုင်းစုခိုင်ခိုင်းရဲ့ အင်္ကျီလေးမှာ အရောင်နစ်မျိုးပြောင်းနေတာ တွေ့ရမယ်။
၁၂။ save တော့မယ်ဆိုရင် အရင်လို save as တို့နဲ့ မသိမ်းပဲနဲ့ Save For Web & Divices(Ctrl+Shift+Alt+S) ကို နဲ့ save လိုက်မယ်။
13။ save တဲ့ box လေး ပေါ်လာရင် မိမိကြိုက်တဲ့နေမှာ save လိုက်ပါခင်ဗျာ။
ဒါဆိုရင် ကျွန်တော်တို့ လိုချင်နေတဲ့ ပုံလေး ထွက်လာပါပြီ။
ကြည့်ကြည့်ပါခင်ဗျာ။
ဒါလေးကိုကို အခြေံပြီး တစ်ခြား Adnimation လေးတွေလည်း လုပ်လို့ရပါတယ်။
3 comments:
သူလေးအစား အသည်းယားတယ်နော်...
များများဆက်တင်ပါ အသစ်တင်တိုင်း လာလာကြည့်မယ် ဒို့များလည်း photo editing တို့ Flash 8 တို့ ကလိတယ်။
btw Word Verification ဖြုတ်လိုက်ပါလားဗျာ မန့် ရတာ နည်းနည်းပိုမြန်သွားတယ်။ cheer!!
ကျေးဇူးတင်ပါတယ်ခင်ဗျား
အခုမှဖိုတိုရှော့ ကိုလေ့လာမလို့ ...အခုပြောထားတဲ့ပုံလေးအတိုင်း...စမ်းကြည့်တာ အဆင်ပြေ တယ်ဗျ...ကျေးဇူးတင်တယ်အကိုရာ....။
Post a Comment