Gtalk ကနေ မြန်မာနိုင်ငံကို ဖုန်း Message ပို့ချင်တဲ့ လူများအတွက်

gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်းMesge ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ ၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။ ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။

အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။ အောက်က ပုံလေးလို ပို့ကြည့်ပါ။


gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar )အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ spacebar ခံရပါတယ်။country code တွေ ခံစရာမလိုပါဘူး။ 095217892 ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။



ဆက်လက်ဖတ်ရှူရန်...

USB မှ ပါလာသော Virus ကိုကာကွယ်နည်း

တော်တော်များတော့ သိပြီးသားတွေ ဖြစ်မှာပါ။ ကိုယ်ပိုင်ကွန်ပျုတာ သုံးတဲ့လူတွေ USB က ပါလာတဲ့ virus ကိုတော့ ကာကွယ်နိုင်အောင် ကျွန်တော်သိသလောက်လေး ရေးပြီး တင်ပေးလိုက်ပါတယ်။

ပထမဆုံး group policy ထဲက autoplay ကို သွားပြီး Enable ပေးထားမှ ရပါတယ်။ ကဲ...ဘယ်လို ဖြုတ်ထားရလည်းဆိုတာ ပြောပြမယ်။

startmenu မှ run ထဲတွင် gpedit.msc လို့ ရိုက်ထည့်လိုက်ပါ။ Group policy box တက်လာရင်
Local Computer Policy က User Configuration မှာ Administrative Templates ကို သွားလိုက်ပါ။
အဲဒီအောက် System ဆိုတာကို နိပ်လိုက်ပါ။ ညာဘက်မှာ Turn off Autoplay ဆိုတာကို double click ပေးလိုက်ပါ။ Enable ကို check ပေးလိုက်ပါ။ ပြီးရင် Apply ပေး၊ Ok ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေပါပြီး။
Enable ကို ဘာလို့ပေးရလည်းဆိုတော့ ဒီကောင်က USB Flash drive ထိုးတည့်လိုက်ရင် USB က ချက်ချင်းတက်လာတယ်။ ဒါကြောင့် virus က လွယ်တကူ ၀င်နိုင်တယ်။ Enable ပေးထားရင် တက်မလာတော့ဘူးလေ။ USB ကို သုံးချင်ရင် My computer ထဲက ၀င်သုံးမှ ရတယ်လေး။ သုံးတဲ့နေရာမှာလည်း flash drive ကို right click ထောက်ပြီး open ဆိုတဲ့နဲ့ မဖွင့်ပါနဲ့။ Explore နဲ့ ဖွင့်ပါ။
ဒါဆိုရင်တော့ တော်ရုံ virus လောက်တော့ မ၀င်နိုင်ပါဘူး။ လုပ်ကြည့်ကြည့်ပါ။ ကျွန်တော်လည်း အဲလိုပဲ သုံးပါတယ်။



ဆက်လက်ဖတ်ရှူရန်...

ချစ်သူပုံကို အသဲပုံလေး လုပ်ရအောင်

လုပ်နည်းကတော့ လွယ်လွယ်နဲ့ ခက်တယ်...ကျွန်တော်လည်း အစ်ကိုတစ်ယောက်ဆီက သင်ထားလို့ ပြန်မျှလိုက်ပါတယ်..
ဒီပုံလေးလိုပေါ့...

လုပ်နည်းကတော့

၁။ ပထမဆုံး file မှ open ပြီး မိမိကြိုက်တဲ့ photo ကို ယူလိုက်မယ်ဗျာ...

၂။ Coustom Shape Tool ကို ယူလိုက်မယ်..မသိရင် အောက်က ပုံလေးကို ကြည့်ပါခင်ဗျား...

၃။ Shape မှာ အသဲပုံလေးကို ယူလိုက်မယ်....

၎။ မိမိလုပ်ချင်တဲ့ ခေါင်းတစ်ဝုက်မှာ select ပေးပြီး အသဲပုံလေး ဆွဲချလိုက်မယ်...

၅။ Background ကို Juplicate layer ခွဲပါမယ်...

၆။ ပြီးရင် ok ပေးလိုက်ပါ...

၇။ Rasterize Layer ကို ကို ယူပါမယ်...အောက်က ပုံလေးမှာ ကြည့်ပြီး လုပ်ပါခင်ဗျာ...

၈။ Select Pixels ကို ယူပါ.......အောက်က ပုံလေးမှာ ကြည့်ပြီး လုပ်ပါခင်ဗျာ..

၉။ Background copy ကို အပေါ်ကို ဖိပြီးတော့ ဆွဲတင်လိုက်ပါခင်ဗျား.....ဒါဆိုရင် ပုံမှာ Select ပေးထားတဲ့ အသဲပုံလေး ပေါ်လာပါလိုက်မယ်...Shape1 က အလယ်ကို ရောက်သွားပါမယ်...

၁၀။ File မှာ New ကို ယူပါ..Ctrl+N ကို နိပ်လည်း ရပါတယ်..

၁၁။ height နဲ့ weight ကို မိမိကြိုက်သလိုထားပါခင်ဗျာ..ကျွန်တော်တော့ ၁၀ နဲ့ ၈ ထားပါတယ်...
size တော့ နဲနဲ့ ကြီးသွားတယ်..ပြီးရင် Ok သာပေးလိုက်ပါ..

၁၂။ အရင် Shape1 ကို select ပေးထားထားတဲ့ အသဲပုံလေးကို ဖိပြီးတော့ layer1 ပေါ်ကို ဆွဲချလိုက်ပါ...
Ctrl+C / Ctrl+ V နဲ့ သုံးလည်း ရပါတယ်...ပိုလွယ်ကူအောင်ဆိုပြီး ဖိပြီး ဆွဲချခိုင်းတာပါ..


၁၃။ ကျွန်တော်က size ကြီးကြီးယူတော့ ပုံက သေးနေလို့ Ctrl+T ကို သုံးပြီး အသဲပုံလေးကို ဆွဲကြီးလိုက်ပါတယ်..

၁၄။ layer1 မှ Blending Options ကို ယူလိုက်ပါ...

၁၅။ ဒီမှာတော့ အောက်ကမြှားထိုးထားတဲ့ ပုံလေးကို သေသေချာချာကြည့်ပြီးလုပ်ပါ..layer style box ကျလာရင်
Drop Shadown ကို Check ပေးလိုက်ပါ.Drop Shadown ကို select ပေးလိုက်ပါ..Select ပေးလိုက်ရင်
Structure တို့ Blend Mode တို့ ကျလာပါလိုက်မယ်. Opacity မှာ 75 လုပ်ထားပါ..
Angle မှာ 180' ထားပါ..distance မှာ 35 လောက်ထား..Spread မှာ 20 လောက်ထားပါ...
Inter Shasown ကို check ပေး.
Outer Glow ကို Check ပေး..
Inter Glow ကို Check ပေး.
Bevel and Emboss ကို Check ပေး..
Coutour ကို Check ပေး..
ပြီးရင် Ok ပေးလိုက်ပါ..
မိမိကြိုက်သလိုလည်း ထားလို့ရပါတယ်....ကျွန်တော်က သဘောယူပြထားတာပါ..

ဒါဆိုရင်တော့ ကျွန်တော်တို့ လိုချင်နေတဲ့ အသဲပုံလေးထားကို ချစ်သူ ရောက်လာပါပြီ.....
ချစ်သူ ရှိတဲ့ သူငယ်ချင်းများ... ချစ်သူနဲ့ အဆင်ပြေပါစေဗျာ...

အားလုံးကို ကျေးဇူးတင်ကြောင်း.....။


ဆက်လက်ဖတ်ရှူရန်...

နောက်ခံ background ကို စာလုံးပုံ ထွင်နည်း

ဒီနည်းလေးနဲ့လည်း တော်တော်လုပ်ဖြစ်တယ်။ photoshop စိတ်ဝင်စားသူများအတွက် ဒီနည်းလေးလည်း သိထားသင့်ပါတယ်။ ကဲလုပ်ကြည့်ရအောင်ဗျာ။
၁ ။အရင်ဆုံး နောက်ခံ background လုပ်ဖို့အတွက် file မှ open ပြီး မိမိကြိုက်တဲ့ ပုံကို ယူလိုက်မယ်ဗျာ။


၂။ horizontal type tool ကို ယူလိုက်ပါတယ်။

၃။ ပြီးရင် background ပေါ်မှာ မိမိကြိုက်တဲ့စာလုံး ရေးလိုက်ပါတယ်။ ကျွန်တော်တော့ Arial Black လို့ ရေးလိုက်ပါတယ်။


၎။ ပြီးတော့ Layer မှ Rasterize မှ Type ကို ယူလိုက်ပါတယ်။



၅။ layer tap မှာ background မှာ Indicates layer ကို ဖျောက်လိုက်ပါတယ်။ မသိရင် မျက်လုံးပုံလေးပါ။ အနီနဲ့ ၀ိုင်းပြထားပါတယ်။ click ထောက်လိုက်ရင် ပျောက်သွားပါလိမ့်မယ်။


၆။ Select မှ Color Range ကို ယူလိုက်ပါမယ်။


ရ။ Color Range box ကျလာရင် ဘာမှ လုပ်စရာမလိုပါဘူး။ ok ပဲ ပေးလိုက်ပါ။


၈။ Select မှ Inverse (shift+Ctrl+I) ကို ယူလိုက်ပါမယ်။


၉။
(၁) အောက်မှာ ပြထားတဲ့အတိုင်း (1) ဆိုတဲ့ Indicates layer က ကို ဖျောက်လိုက်ပါ။ ကျွန်တော်ပြောတာ နားမလည်ရင် မျက်လုံးပုံလေးကို ဖျေက်လိုက်ပါ။
(၂) 2 မှာပြထားတဲ့ Indicates layer ကို ပြန်ပြီး ဖေါ်လိုက်ပါ။ click လေးတစ်ချက် နိပ်လိုက်တာနဲ့ ပြန်ပေါ်သွားပါလိုက်မယ်။


၁၀။ Background ဆိုတဲ့အပေါ်မှာ rightclick ထောက်ပြီး Layer From Background ကို ယူလိုက်ပါ။


ူ၁၁။ layer box တက်လာရင် Ok ပေးလိုက်ပါ။


၁၂။ Select မှ Inverse (shift+Ctrl+I) ကို ယူလိုက်ပါမယ်။


၁၃။ ပြီးရင် paste (Ctrl+C) ကို ယူလိုက်တယ်။ မိမိကြိုက်တဲ့ ပုံတစ်ခုကို ထပ်ယူလိုက်ပါမယ်။ ကျွန်တော်တော့ ပုံထပ်မယူချင်တော့လို့..။ file မှာ new(Ctrl+N) ကိုယူလိုက်တယ်။ ပြီးရင် အဖြူရောင် background ကျလာရင် copy(Ctrl+V)ပြန်ချလိုက်တယ်။ ဒါဆိုရင်တော့ မိမိလိုချင်တဲ့ ပုံလေးထွက်လာပါလိမ့်မယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်..။










ဆက်လက်ဖတ်ရှူရန်...

Design By

free skin 4 MM

Design by : Free Skin For MM