Window တင်နည်းစာအုပ်

Window တင်နည်း စာအုပ်လေးပါ။ အားလုံး မြန်မာလိုရှင်းပြထားပါတယ်။ ပုံနှင့်တစ်ကွ ရှင်းပြထားလို့
window မတင်တဲ့သော လူတွေအတွက်တော့ အရမ်းကို အသုံးဝင်ပါတယ်။ လိုချင်တဲ့ သူတွေတော့ ဒီမှာ ယူလိုက်ပါ။

ဆက်လက်ဖတ်ရှူရန်...

Gtalk ကို install မလုပ်ပဲ သုံးရအောင်

gtalk ကို install မလုပ်ပဲ shortcut လေးနဲ့ပဲ သုံးတာပါ။ သိပြီးသားတွေဆိုတော့ ဆော်တီး... ..ဆော်တီး။
ပထမဆုံး shortcut လုပ်ဖို့အတွက် gtalk ကိုတော့ install လုပ်ရမှာပါ။ install လုပ်ပြီးရင် C:/ window ထဲကိုသွားပါ။
ပြီးရင် Program Files > Google > Google Talk > googletalk ကို copy ယူပြီး တစ်နေရာရာမှာ သိမ်းထားလိုက်ပါ။
ပြီးရင် googletalk ကို right click > sent to ကနေပြီး Desktop ကို shortcut ပို့လိုက်ပါ။ ဒါဆိုရင် install လုပ်ထားတဲ့ gtalk software ကို unistall လုပ်လို့ ရပါပြီ။ window ချပြီးရင်လည်း install လုပ်စရာမလိုတော့ပါဘူး။ စောစောက သိမ်းထားတဲ့
googletalk ကို shortcut ထုတ်ပြီးရင် သုံးလို့ ရပါတယ်။ အများကြီးပွားချင်တယ်ဆိုတော့ ပေါ်မှာ ပြောတဲ့တိုင်းပဲ
properties ကို ၀င်းပြီ Shortcut > Target မှာ C:\Program Files\Google\Google Talk\googletalk.exe" /nomutex
ထည့်လိုက်ရင် ကို သုံးချင်သလောက် သုံးလို့ ရပါတယ်ခင်ဗျာ။ လုပ်ကြည့်ပါ။ တစ်ခု Install လုပ်ရတာ သက်သာတာပေါ့။

ဆက်လက်ဖတ်ရှူရန်...

keyboard က သတိပေးသံ

Key တစ်ခုခုကို မှားနိပ်မိရင် keyboard က သတိပေးသံလေး ထွက်လာပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။
အပျော်ပေါ့။
လုပ်နည်းလေးက ဒီလိုဗျ..
start> control panel > Accessibility Options မှာ Use ToggleKeys ကို check ပေးလိုက်ပါ။
ပြီးရင် menu bar က Sound ကို သွားပါ။ Use SoundSentry ကို check ပေးလိုက်ပါ။ ပြီးရင် Choose the visual warnings:မှာ Flach active window ကို ရွေးလိုက်ပါ။ ဒါဆိုရင် Num lock တို့ Caps Lock တို့ နိပ်ရင် သတိပေး သံလေးထွက်လာပါလိုက်မယ်။ စမ်းကြည့်ကြပါဗျာ..အဆင်ပြေပါစေ...

ဆက်လက်ဖတ်ရှူရန်...

Recycle Bin အားဖျောက်ထားခြင်း

ဒီpost လေးကတော့ ကျွန်တော် အရင်တင်ခဲ့တဲ့ Refresh box ထဲ Recycle Bin ထည့်ထားခြင်းနဲ့ ဆက်စပ်မှုရှိအောင်တင်လိုက်တာပါ။ တကယ်လို့ Refresh box ထဲ Recycle Bin ထည့်ထားမယ်ဆိုရင် Recycle Bin ပုံးကြီးက အပိုသက်သက်ဖြစ်နေမှာပဲ။ မျက်စိနောက်စရာဖြစ်နေရင် Recycle Bin ကို ဖျောက်ထားလို့ ရပါတယ်။ သူကို ဖျောက်လို့ ရတာကတော့ နစ်မျိုးရှိပါတယ်။ Group Policy နှင့် Regedit ကဖျောက်ထား လို့ရပါတယ်။ အခုကျွန်တော်ပြောမယ့်နည်းက Group Policy က ဖျောက်ထားလို့ ရတဲ့နည်းပါ။
လုပ်နည်းကတော့ ဒီလိုပါ...
start>run>gpedit.msc>Local Computer Policy>User Configuration>Administrative Tamplates>
desktop ကို click ပေးလိုက်ပါ။ ညာဘက်မှာ Remove Recycle Bin icon from desktop ကို double click ပေးလိုက်ပါ။ Enable ပေးလိုက်ပါ။ ဒါဆိုရင် desktop မှာ recycle bin ပုံး ပျောက်သွားပါလိုက်မယ်။ စမ်းကြည့်ကြပါဗျာ...

ဆက်လက်ဖတ်ရှူရန်...

Recycle Bin ထဲမှာ မသိမ်းပဲ delete တန်းလုပ်မှာလား?

ဒီနည်းလေးကတော့ လွယ်လွယ်လေးပါဗျာ... အောက်က post နဲ့ ဆက်စပ်မှုရှိအောင် တင်လိုက်တာပါ။
လုပ်နည်းကတော့
Recycle Bin ရဲ့ propersites ကို ၀င်လိုက်ပါ။ Global tab မှာ Use one sttting for all drivers: မှာ
Maximum size of Recycle Bin(percent of each drive) မှာ 0 ပေးလိုက်ပါ။ ပုံမှန်ကတော့ 10 ရှိပါတယ်။ တစ်ခြားလုပ်တည့်နည်းတွေလည်း ရှိပါတယ်။ ဒီနည်းလေးက ပိုလွယ်လို့ပါ။
လုပ်ကြည့်ပါ...အဆင်ပြေပါစေဗျာ..........:P။

ဆက်လက်ဖတ်ရှူရန်...

refresh box ထဲ Recycle Bin ထည့်ကြရအောင်

ဒီနည်းလေက ကျွန်တော် အကိုတစ်ယောက်ပြောပြထားတာပါ။ အရမ်းကို အသုံးဝင်ပါတယ်။ သိပြီးသားတွေတော့
sorry ဗျာ။ မသိသေးတဲ့ လူတွေတော့ ဗဟုသုတရတာပေါ့ဗျာ။
လုပ်နည်းလေးက ဒီလိုဗျာ..

Run box> regedit > HKEY_CLASSES_ROOT>directory>Backgroun>shellex>ContexMenuHandlers ကို right click ပေးပါ
new ဆိုတာ ပေါ်လာရင် ညာဘက်မှာ Key ဆို click ပေးလိုက်ပါ. New key ဆိုတာ ပေါ်လာရင် ကို ကြိုက်တာ ပေးပါ။
ထားပါတော့ Recycle Bin ပဲ့ ပေးလိုက်တယ်။အဲံဒီ Recycle Bin ကို double click ပေးလိုက်တယ် ညာဘက် desktop
မှာ Default ပေါ်လာလိမ့်မယ် Default ကို right click ပေးလိုက်ပါ Edit String box လေး ပေါ်လာရင်
Value data မှာ အဲဒီ{645FF040-5081-101B-9F08-00AA002F954E} လေးကို ထည့်လိုက်ပါ။ ဒါဆိုရင် ရပြီဗျ။ Refresh box မှာ Empty Recycle Bin ရောက်လိမ့်မယ်။ Recycle Bin ပုံးထဲက သွားပြီး ဖျက်စရာမလိုတော့ဘူးပေါ့ဗျာ။ စမ်းကြည့်ကြပါဗျာ..

ဆက်လက်ဖတ်ရှူရန်...

Window တက်တာကြာနေရင် မြန်အောင်လုပ်နည်း

Post မရေးဖြစ်တာတောင် ၂ ရက်ရှိပြီ။ ဒီနေ့တင်မယ့် post လေးကတော့ အသုံးဝင်မယ်ထင်ပြီး တင်လိုက်တာပါ။
သိပြီးသားတွေအတွက်တော့ မရည်ရွယ်ပါဘူး။ မသိသေးတဲ့ လူတွေအတွက်တော့ ဗဟုသုတရတာပေါ့ဗျာ။
လုပ်နည်းကတော့ ဒီလိုဗျ

start >run မှာ regedit > HKEY_LOCAL_MACHINE > SYSTEM >CurrentControlSet > Control >
Session Manager >Memory Management >PrefetchParameters ရဲ့ညာဘက်မှာ EnablePrefetcher
ဆိုတာရှိတယ်။ အဲဒါကို double click(modify) ပေးလိုက်ပါ။ Value data မှာ 5 ပေးလိုက်ပါ။
ဒါဆိုရင် window တက်တာ အရင်ကထက် မြန်လာပါလိုက်မယ်ခင်ဗျာ...အဆင်ပြေပါစေ။

ဆက်လက်ဖတ်ရှူရန်...

software မပါဘဲ folder ကို လော့ချမယ်

ကျွန်တော်သိထားတဲ့ folder lock ချနည်းလေးပါ။ ဒါပေမယ့် အဲဒီနည်းက software မပါတော့
တော်တော်လေးတော့ အသုံးဝင်ပါတယ်။ သိပြီးသားတွေဆိုရင်တော့ sorry ဗျာ။
လုပ်နည်းကတော့ ဒီလိုပါ....
ကိုယ်လုပ်ချင်တဲ့ folder ကို နာမည်းတစ်ခုပေးပါ။
ဥပမာ_ star လို့ ပေးလိုက်တယ်။ C:drive ထဲမှာ ထားလိုက်တယ်။
start မှ run ထဲမှာ attrib +s +h C:\star လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် star folder က C: ထဲမှာ မရှိတော့ပါဘူး။ ပျောက်သွားပါလိမ့်မယ်။
ပြန်ဖော်ချင်တယ်ဆိုရင် attrib -s -h C:\star လို့ ပြန်ရိုက်ထည့်လိုက်ပါ။
ပြန်ပေါ်လာပါလိမ့်မယ်။ D,E တို့မှာ ထားချင်ရင်လည်း C နေရာမှာ D,E တို့ ထည့်လိုက်ရုံပါပဲ။
ဒါပေမယ့် D မှာ ထားတယ်ဆိုရင် first page မှာပဲ လုပ်လို့ရပါတယ်။ folder တွေထဲမှာ လုပ်တာ မရပါဘူး။
D ဆိုရင် D ရဲ့ first page မှာ ထားလို့ရပါတယ်။ လုပ်ကြည့်ပါခင်ဗျာ။

ဆက်လက်ဖတ်ရှူရန်...

MP3 player 1GB ထဲကို MP3 song 1000 ထည့်နည်း

ဒီနည်းလေးကတော့ ၀ပ်ဆိုဒ်တစ်ခုမှာ ဖတ်မိလို့ ကျွန်တော် Blog မှာ ပြန်တင်ပေးလိုက်တာပါ။
လုပ်နည်းကတော့
JetAudio အား ဖွင့်လိုက်ပါ။
ပြီးရင် conversion ကို click လုပ်ပြီးရင် Scurce အောက်က Add Files ကို click လိုက်ပါ။
မိမိကြိုက်တဲ့ song ကို select ပြီး open ကို click ပေးလိုက်ပါ။ ပြီးရင် Target အောက်က File naming မှာ
မိမိကြိုက်ရာ name ကို ပေးလိုက်ပါ။ ပြီးရင် Create new files in the following folder ကို click ပေးလိုက်ပါ။
ကြိုက်တဲ့နေရာမှာ save လို့ရပါတယ်။ ပြီးရင်...Output format မှာ WMA-Windows Media Audio 7 ကို
ရွေးလိုက်ပါ။ ပြီးရင် configuration ကို click ပေးလိုက်ပါ။ ပြီးရင်...Profiles မှာ
Audio for FM radio quality for dial-up mondems(28.8Kbps stereo) ကို ရွေးလိုက်ပါ။
ပြီးရင်... ok ပေးလိုက် ...start ကို click လိုက်ပါ။ ဒါဆိုရင် မိမိသီချင်းက MB တွေလျှော့သွားပါလိုက်မယ်။
အဆင်ပြေပါစေဗျာ...

ဆက်လက်ဖတ်ရှူရန်...

မိမိကွန်ပျူတာမှာ ဘာအမျိုးအစားတွေလည်းဆိုတာ ကြည့်နည်း

ကိုယ်ကွန်ပျူတာမှာ ဘာအမျိုးအစားလည်းဆိုတာ ကြည့်လို့ရပါတယ်။ တစ်ချို့ကြတော့ software နဲကြည့်ကြပါ တယ်။ software မပါဘဲလည်း ကြည့်လို့ရပါတယ်။ ဘယ်လိုကြည့်ရလည်းဆိုတော့.................
ဒီလိုဗျ..
start>help and support ကို click ပေးလိုက်ပါ။ ပြီးရင် Pick a tack မှာ Use Tools to view your computer information and diagnose probelms ကို click ပေးပါ။ My Computer Information ကို click ပေးလိုက်ပါ။
ညာဘက်မှာ What do you want to do? ဆိုတဲ့ စာကြောင်းအောက်က ဟာတွေကို click ပြီးကြည့်လိုက်ပါ။
အဲဒါတွေက ကိုယ့် comuter အမျိုးအစားတွေပါပဲ။အဆင်ပြေပါစေဗျာ။help and support ထဲက စာတွေလိုက်ဖတ်
ြ့ကည့်ပါ။တော်တော်လေး အရေးပါပါတယ်။

ဆက်လက်ဖတ်ရှူရန်...

desktop မှာ icon တွေကို မြန်မာလို နာမည် ရေးလို့ မရဘူးဆိုရင် ဒီလိုလုပ်ပါ

ကျွန်တော်လည်း internet က မရတာနဲ့ post မရေးဖြစ်ဘူး။ အခုမှ ရေးဖြစ်တော့တယ်။ အခုကျွန်တော်တင်မယ့်
Post က တော်တော်များများတော့သိပါတယ်။ မသိသေးတဲ့ လူတွေအတွက် ရည်ရွယ်ပြီး ရေးတာပါ။
မသိတဲ့ လူတွေတွက် တကယ်သုံးဝင်တယ်။
တကယ်လို့ desktop မှာ Icon ကို မြန်မာလို ရေးချင်တယ်ဆိုရင် အရင်ဆုံး zawgyi font ကို အရင် run လိုက်ပါ။
software မရှိရင် ဒီ http://www.mihd.net/wxohyj4 မှာ download ချုလိုက်ပါ။ run ပြီးရင် Shift+Ctrl နိပ်လိုက်ပါ။
ဒါဆိုရင် desktop မှာ ရေးကြည့်ပါ။ ရေးလို မရဘူးဆိုရင်....
desktop မှာ right click ပေးလိုက် properties ကို ပေးလိုက်ပါ။ display Properties box ပေါ်လာပါလိမ့်မယ်။
Appearance ကို ဆက်သွားပါ။ပြီးရင် Advanced ကို တွေ့ရင် click ထပ်ပေးလိုက်ပါ။ Item မှာ Icon ကို ရွေး လိုက်ပါ။ Font မှာ Zawgyi-one ကို ပေးလိုက်ပါ။ Zawgyi1 ပေးလည်း ရပါတယ်။
ကြိုက်တာသာပေးပါခင်ဗျား။ဒါဆိုရင် အားလုံးအဆင်ပြေသွားပါပြီ။

ဆက်လက်ဖတ်ရှူရန်...

Recycle Bin နာမည်ပြောင်းနည်း

ကျွန်တော်တို့ ကွန်ပျူတာမှာ Recycle Bin နာမည်ပြောင်းလို့ ရတယ်...ကိုယ်ကြိုက်တဲ့ နာမည်ပေါ့
မိန်းကလေးတွေ ဆိုရင်လည်း Korea မင်းသားနည်မည်တွေပေါ့....ဟဲဟဲ
လုပ်နည်းက ဒီလိုပါ
startmenu မှ run မှာ regedit လို့ ရိုက်ထည့်လိုက်...
HKEY_CLASSES_USER ကို တွေ့လိုက်မယ်...
HKEY_CLASSES_USER>Software>Microsoft>Windows>CurrentVersion>
Explorer>CLSID ကို ရှာ
CLISD ကိုတွေ့ရင် {645FF040-5081-101B-9F08-00AA002F954E} အဲဒီကိုရှာပါ။
ရှာတွေ့ရင် click ပေးလိုက် ညာဘက်မှာ Default ကို တွေ့လိုက်မယ်။
Default ကို right click ပေးလိုက် Modify ကို click ပေး ဠValue data မှာ မိမိနှစ်သက်ရာ နာမည်ပေး
နိုင်လိုက်ပါ
ပြီင်္းရင် Desktop မှာ Refresh ပေးလိုက်ရင် Recycle Bin နာမည်က ပြောင်းပြီးသားပဲ..
သိပြီးသား လူတွေတွက်တော့ sorryဗျာ မသိတဲ့လူတွေ စိတ်ဝင်စားရင် လုပ်ကြည့်ကြည့်ပါ
အဆင်ပြေပါဗျာ
(ဒီနည်းနဲ့ မရရင် ပြန်ပြောပါ နောက်တစ်နည်း ထပ်ပြောပြပါမယ်... ဒီနည်းနဲ့က ပိုအဆင်ပြေပါတယ်)

ဆက်လက်ဖတ်ရှူရန်...

မိမိတင်ထားသော program(software)တွေ သူများဖြုတ်လို့မအောင်

ဒီနည်းလေးကတော့ ကျွန်တော် အရင်တင်ခဲ့တဲ့ Auto-play မတက်အောင်လုပ်တဲ့နည်းနဲ့တူတယ်။
ကိုယ်က software ကိုတင်ထားတယ် တခြားတစ်ယောက်က ကိုယ့်စက်ကို လာသုံးတယ်။
ကိုယ်စက်က program တွေကို ဖြုတ်သွားတက်တယ်..အဲလို ဖြုတ်လို့မရအောင်လုပ်တဲ့နည်းရှိတယ်.
ဘယ်လိုလုပ်ရလဲဆိုတော့
ဒီလိုဗျ
start မှ run မှာ gpedit.msc ကိုရိုက်လိုက် ပြီးရင်
User configuartion>Administrative Templates>Control Panel ကိုသွား
အဲဒီမှာ Add or Remove Programs ကို click ပေးလိုက်ရင် ညာဘက်မှာ
Remove Add or Remove Programs ကို double click ပေးလိုက် Enabled ကို click ပေးလိုက်ပါ
ဒါဆိုရင် အားလုံးအဆင်ပြေသွားပါပြီခင်ဗျား...

ဆက်လက်ဖတ်ရှူရန်...

ကျွန်တော်နေထိုင်ခဲ့သောရွာ

ကျွန်တော်ရေးချင်တာကတော့ ကျွန်တော်တို့ ရွာလေးရဲ့ အကြောင်းပါ။ ကိုယ့်ရွာလေးကို လွမ်းတာနဲ့ ဒီ blog လေးကို post လေးတစ်ခုအဖြစ် ရေးဖြစ်သွားတာပါ။ ကျွန်တောတို့ ရွာနာမည်ကတော့ ကနက်သီရိလို့ ခေါ်ပါတယ်။ ဘာလို့ ကနက်သီရိလို့ ပေးလည်းဆိုတော့ ကျက်သရေရှိပြီင်္း သီရိမင်္ဂလာနဲ့ ပြည့်စုံလို့ ကနက်သီရိလို့ ပေးလိုက်တာပါ(အဘိုး
ပြောပြတာ)။ ဒါပေမယ့် လူတော်လူတော်များများကတော့ နတ်စိ(ထားဝယ်လို) လို့ခေါ်ကြပါတယ်။ နာမည်နဲ့ လိုက်အောင်လည်း စီပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေးတို့နှင့် အဘက်ဘက်က ပြောစရာမရှိအောင် ပြည့်စုံပါတယ်။
ကျွန်တော်တို့ ရွာရဲ့ အနေအထားကို ပြောပြချင်ပါတယ်။ ရွာမှာရှိတဲ့ အိမ်ခြေကတော့ ၁၅၀၀ ကျော်ခန့်ရှိ တယ်(အတိအကျမသိလို့)။ ရွာကို တည်ဆောက်ထားတာကတော့ က၊ခ၊ဂ၊ဃ၊င၊စ ဆိုပြီင်္း ရပ်ကွက်ကြီး (၆) ရပ်ကွက်နဲ့ တည်ဆောက်ထားပါတယ်။ ဒါပေမယ့် ခေါ်တာကတော့ (က) ရပ်ကွက်၊ (ခ)ရပ်ကွက်လို့ မခေါ်ပါဘူး။
အခေါ်အဝေါ်တွေက ထားဝယ်လို ဆိုတော့ ကျွန်တော် မရေးပြတော့ပါဘူး။ ရွာရဲ့ အရှေ့ဘက်နှင့် မြောက်ဘက်
မှာ လယ်ယာစိုက်ပျိုးရေးအတွက် လယ်ယာမြေကွက်တွေ ရှိသလို တောင်ဘက်မှာ ပင်လယ်(ကပ္ပလီပင်လယ် အော်) ရှိပါတယ်။ အနောက်ဘက်မှာ မြစ်ကြီး၊ မြစ်ငယ် အသွယ်သွယ်စီးဆင်းလျက် ရှိပါတယ်။
ဘာသာရေးအပိုင်းအရ ပြောရမယ်ဆိုရင် ဘုန်းကြီးကျောင်း (၇) ကျောင်းရှိပါတယ်။ အခေါ်အဝေါ်တွေက တော့ အရှေ့ကျောင်း၊ ရွာလယ်ကျောင်း၊ အပြင်ကျောင်း၊ တောင်းကျောင်း အစရှိသည်ဖြင့် ခေါ်ဆိုကြပါတယ်။
တောင်ကျောင်းလို့ ခေါ်ဆိုတာကတော့ ရွာရဲ့ တောင်ဘက်မှာ ရှိလို့ ခေါ်တာမဟုတ်ပါဘူး။ ပေ (၂၀) တောင်
မမြင့်တဲ့ ကျွန်တော်တို့ ရွာလေးရဲ့ တောင်ပေါ်မှာ ရှိလို့ တောင်ကျောင်းလို့ ခေါ်ဆိုကြပါတယ်။ အပြင်ကျောင်းက
တော့ မိုးကုတ်ဆရာတော်ကြီးရဲ့ ၀ိပဿနာရှုနည်းတွေကို ကျင့်ကြံအားထုတ်တဲ့ တရားစခန်းတစ်ခုဖြစ်ပါတယ်။
ပွဲတော်တွေလည်း ရာသီလိုက် နစ်စဉ်နစ်တိုင်း ကျင်းပပါတယ်။ အဓိကတော့ တန်ဆောင်တိုင်ပွဲတော်မှာ ကျင်းပ
တဲ့ နှစ်ကျိုပ်ရှစ်ဆူ ဘုရားပွဲတော်ကတော့ အရမ်းကို စည်းကားလုပါတယ်။
ပညာရေးအပိုင်းအရ ပြောရမယ်ဆိုရင် ရပ်ကွက်လိုက် မှုလတန်းကျောင်းတွေ ရှိပါတယ်။ အလယ်တန်းကျောင်း
နှင့် အထက်တန်းကျောင်းကတော့ တွဲလျှက် တစ်ကျောင်းပဲ ရှိပါတယ်။
စီးပွားရေးအပိုင်းအရ ပြောရမယ်ဆိုရင် ငါးဖမ်းလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ အရောင်းအ၀ယ်လုပ်ငန်း တို့ရှိပါ တယ်။ အဓိကတော့ ငါးဖမ်းလုပ်ငန်းပါပဲ။
ရွာရဲ့ရှုခင်းလေးတွေကတော့ သာယာလှပတဲ့ ပင်လယ်ကမ်းခြေမှာ နေ၀င်ဆည်းဆာကို ကြည့်ရှုပန်းဖြေနိုင် ခြင်းတစ်ခုပေါ့။
ရွာပြင်မှာရှိတဲ့ ကွင်းပြင်ကြီးကတော့ ရွာရဲ့ ထူးခြားချက်လေးတစ်ခုပေါ့။ အဲဒီကွင်းကို ဘုရားကွင်းလို့ ခေါ်ဆိုကြ
ပါတယ်။ အကြောင်းကတော့ အဲဒီကွင်းကြီးမှာ ရွားဦးစေတီဘုရားနှစ်ဆူအပြင် နှစ်ကျိုပ်ရှစ်ဆူ ဘုရားများ ကိန်း
ဝပ်စံပယ်တော်မှုသော နေရာလေးတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် လပြည့်နေများတွင်လူငယ်များ ဘုရားဖူးလာ
ရင်းနှင့် ၀ိုင်းဖွဲ့စကားပြောကြခြင်းပါပဲ။
ဒါကတော့ ကျွန်တော်နေတဲ့ ရွာလေးရဲ့အကြောင်းပါ။ စာဖတ်သူညီအကိုများကို အထူးပဲကျေးဇူးတင်ပါတယ်။
နောက်ထပ်သိချင်တာလေးတွေ ရှိရင်တော့ နည်းနည်းသည်းခံပြီးစောင့်ဆိုင်းပေးစေချင်ပါတယ်....(ကျွန်တော်
လည်း ရွာသူကြီးကို ထပ်မမေးရသေးလို့ပါ...ဟီဟိ)။

ဆက်လက်ဖတ်ရှူရန်...

Design By

free skin 4 MM

Design by : Free Skin For MM