ချစ်သူပုံကို အသဲပုံလေး လုပ်ရအောင်

လုပ်နည်းကတော့ လွယ်လွယ်နဲ့ ခက်တယ်...ကျွန်တော်လည်း အစ်ကိုတစ်ယောက်ဆီက သင်ထားလို့ ပြန်မျှလိုက်ပါတယ်..
ဒီပုံလေးလိုပေါ့...

လုပ်နည်းကတော့

၁။ ပထမဆုံး file မှ open ပြီး မိမိကြိုက်တဲ့ photo ကို ယူလိုက်မယ်ဗျာ...

၂။ Coustom Shape Tool ကို ယူလိုက်မယ်..မသိရင် အောက်က ပုံလေးကို ကြည့်ပါခင်ဗျား...

၃။ Shape မှာ အသဲပုံလေးကို ယူလိုက်မယ်....

၎။ မိမိလုပ်ချင်တဲ့ ခေါင်းတစ်ဝုက်မှာ select ပေးပြီး အသဲပုံလေး ဆွဲချလိုက်မယ်...

၅။ Background ကို Juplicate layer ခွဲပါမယ်...

၆။ ပြီးရင် ok ပေးလိုက်ပါ...

၇။ Rasterize Layer ကို ကို ယူပါမယ်...အောက်က ပုံလေးမှာ ကြည့်ပြီး လုပ်ပါခင်ဗျာ...

၈။ Select Pixels ကို ယူပါ.......အောက်က ပုံလေးမှာ ကြည့်ပြီး လုပ်ပါခင်ဗျာ..

၉။ Background copy ကို အပေါ်ကို ဖိပြီးတော့ ဆွဲတင်လိုက်ပါခင်ဗျား.....ဒါဆိုရင် ပုံမှာ Select ပေးထားတဲ့ အသဲပုံလေး ပေါ်လာပါလိုက်မယ်...Shape1 က အလယ်ကို ရောက်သွားပါမယ်...

၁၀။ File မှာ New ကို ယူပါ..Ctrl+N ကို နိပ်လည်း ရပါတယ်..

၁၁။ height နဲ့ weight ကို မိမိကြိုက်သလိုထားပါခင်ဗျာ..ကျွန်တော်တော့ ၁၀ နဲ့ ၈ ထားပါတယ်...
size တော့ နဲနဲ့ ကြီးသွားတယ်..ပြီးရင် Ok သာပေးလိုက်ပါ..

၁၂။ အရင် Shape1 ကို select ပေးထားထားတဲ့ အသဲပုံလေးကို ဖိပြီးတော့ layer1 ပေါ်ကို ဆွဲချလိုက်ပါ...
Ctrl+C / Ctrl+ V နဲ့ သုံးလည်း ရပါတယ်...ပိုလွယ်ကူအောင်ဆိုပြီး ဖိပြီး ဆွဲချခိုင်းတာပါ..


၁၃။ ကျွန်တော်က size ကြီးကြီးယူတော့ ပုံက သေးနေလို့ Ctrl+T ကို သုံးပြီး အသဲပုံလေးကို ဆွဲကြီးလိုက်ပါတယ်..

၁၄။ layer1 မှ Blending Options ကို ယူလိုက်ပါ...

၁၅။ ဒီမှာတော့ အောက်ကမြှားထိုးထားတဲ့ ပုံလေးကို သေသေချာချာကြည့်ပြီးလုပ်ပါ..layer style box ကျလာရင်
Drop Shadown ကို Check ပေးလိုက်ပါ.Drop Shadown ကို select ပေးလိုက်ပါ..Select ပေးလိုက်ရင်
Structure တို့ Blend Mode တို့ ကျလာပါလိုက်မယ်. Opacity မှာ 75 လုပ်ထားပါ..
Angle မှာ 180' ထားပါ..distance မှာ 35 လောက်ထား..Spread မှာ 20 လောက်ထားပါ...
Inter Shasown ကို check ပေး.
Outer Glow ကို Check ပေး..
Inter Glow ကို Check ပေး.
Bevel and Emboss ကို Check ပေး..
Coutour ကို Check ပေး..
ပြီးရင် Ok ပေးလိုက်ပါ..
မိမိကြိုက်သလိုလည်း ထားလို့ရပါတယ်....ကျွန်တော်က သဘောယူပြထားတာပါ..

ဒါဆိုရင်တော့ ကျွန်တော်တို့ လိုချင်နေတဲ့ အသဲပုံလေးထားကို ချစ်သူ ရောက်လာပါပြီ.....
ချစ်သူ ရှိတဲ့ သူငယ်ချင်းများ... ချစ်သူနဲ့ အဆင်ပြေပါစေဗျာ...

အားလုံးကို ကျေးဇူးတင်ကြောင်း.....။


No comments:

Design By

free skin 4 MM

Design by : Free Skin For MM