သူငယ်ချင်းတို့ရေ
မသိသေးတဲ့ သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ထူးသဖြစ် cyber မှာ သုံးသူများကို ပိုပြီး ရည်ရွယ်ထားပါတယ်။ gmail သုံးရင်ပဲ ဖြစ်ဖြစ်၊ တစ်ခြား ဆိုဒ်တွေကို ၀င်ရင်ပဲ ဖြစ်ဖြစ် ၀င်ရင်တော့
password နှင့် user name တော့ ရိုက်ရတာပဲ။ အဲဒီမှာ ပြသာနာက စတာပဲ။ password ရိုက်လိုက်တာနဲ့ အဲင်္ဒီ အကောက် တစ်ခုလုံး password ကော ၊ username ကော firefox ထဲကို ရောက်သွားပါတယ်။ သိတဲ့ သူတွေဆိုရင်
အဲဒီနေရာကို ၀င်ပြီး ကိုယ့်အကောက်ကို သုံးသွားပါလိုက်မယ်။ သိနေရင်တော့ စိတ်ပူစရာ မလိုပါဘူး။
ဘယ်လို ၀င်ပြီး ဖျက်ရလည်း ဆိုတော့....
ဒီလိုပါ!
firefox menu bar က Tools ကိုဝင်းပြီး Options ကို သွား click လိုက်ပါ။ ပြီးရင်..Security ကို သွားပါ..Save password ဆိုတာကို click လိုက်ပါ။ အဲဒီမှာ save password box ကျလာပါလိုက်မယ်..အဲဒီမှာ ကိုယ်သုံးထားတဲ့
user name ကို တွေ့ရပါလိုက်မယ်. password ကိုတော့ တွေ့ရမှာ မဟုတ်ပါဘူး။ password ကို ဖြောက်ထားလို့ပါ။
အောက်မှာ show password ဆိုတာကို တွေ့ရပါလိုက်မယ်။ အဲဒါကို click လိုက်ရင် ကိုယ့်password ကို တွေ့ရလိုက်မယ်။ ကိုယ့် User name ကို select လုပ်ပြီး အောက်က remove ကို click ပေးလိုက်ရင် ရပါပြီ။
အားလုံးကို ဖျက်ချင်ရင်လည်း remove all ကို ပေးလိုက်ပေါ့။
ကျွန်တော်သိသလောက်တော့..
အခုနောက်ပိုင်း Firefox Setup 3.0.1 ကတော့ password ကို မမှတ်ထားပါဘူး။ username နှင့် password ကို ပေးပြီး remember ပေးမှသာ သူက မှတ်တာပါ။ မပေးရင် ပြသာနာမရှိပါဘူး။ အရင်က Firefox Setup 2.0.0.11
ကတော့ မှတ်ထားတက်ပါတယ်။ cyber ကို သုံးပြီး ပြန်ထွက်တဲ့ အချိန်မှာ ကျွန်တော်ပြောတဲ့ ဟာလေးတော့ တစ်ချက်လောက် စစ်ဆေးပြီးမှ ထွက်ပါ။
ကျေးဇူးတင်ပါတယ်......
ကျွန်တော်နေထိုင်သောနိုင်ငံက နာရီ
မြန်မာ_နာရီ
လာလည်ကြသော နိုင်ငံ
အကြံပေးသွားပါအုန်းခင်ဗျာ
Mozilla Firefox သုံးရင် သတိထားရန်
computer ကို master key ပေးနည်း
ဒီလိုဗျာ
ကျွန်ပျုတာမှာ welcome screen မတက်ခင်ပေးတဲ့ password ပါ။
လုပ်နည်းကတော့
၁။ start မှာ run ကိုသွားပါ။
၂။ run မှာ syskey လို့ ရိုက်ထည့်လိုက်ပါ။ Securing the Windows XP Account Database box ပေါ်လာပါလိုက်မယ်။
၃။ Encryption Enabled ကို check ပေးထားတာတွေ့လိုက်မယ်။ Update ကို click လိုက်ပါ။ Startup Key box ကျလာပါလိမ့်မယ်။
၎။Password Startup ကို check ပေးလိုက်ပါ။ ပြီးရင် Password မှာ ကိုယ့်ကြိုက်တဲ့ Password ပေးပါ။ Comfim
မှာလည်း Password မှာ ပေးတဲ့ Password ပဲ့ပေးလိုက်ပါ။ ဒါဆိုရင် အကုန်ဆင်ပြေသွားပါပြီ။
password ကို ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်အပေါ်မှာ ရှင်းပြထားသလိုပြန်ဝင်ပြီး Startup Key box မှာ Password Startup ကို uncheck ပေးပြီး System Generated Password ကို check ပေးလိုက်ရင် ပြန်ပျောက် သွားပါလိုက်ခင်ဗျာ။
သတိထားရမှာကတော့ အဲဒီ password ကို မမေ့ဖို့ပဲ။ မေ့သွားရင်တော့ CD နဲ့လည်း ဖြေလို့မပါဘူး။ ၀င်းဒိုးချမှပဲ ရတော့တယ်။ ကျွန်တော် သိသလောက်တော့ ဖြေနိုင်စရာ ဆေးမရှိသေးပါဘူးခင်ဗျာ
ကျေးဇူးတင်ပါတယ်။
ကျွန်တော်နေထိုင်ခဲ့သော ရွာ
တော်တို့ ရွာလေးရဲ့ အကြောင်းပါ။
ကိုယ့်ရွာလေးကို လွမ်းတာနဲ့ ဒီ blog
လေးကို post လေးတစ်ခုအဖြစ်ရေး
ဖြစ်သွားတာပါ။ ကျွန်တောတို့ ရွာနာ
မည်ကတော့ ကနက်သီရိလို့ခေါ်ပါ
တယ်။ ဘာလို့ ကနက်သီရိလို့ ပေး
လည်းဆိုတော့ ကျက်သရေရှိပြီင်္း
သီရိမင်္ဂလာနဲ့ ပြည့်စုံလို့ ကနက်သီ
ရိလို့ပေးလိုက်တာပါ(အဘိုးပြောပြ
တာ)ပြောပြတာ)။ဒါပေမယ့် လူတော်
လူတော်များများကတော့ နတ်စိ(ထား
ဝယ်လို) လို့ခေါ်ကြပါတယ်။ နာမည်နဲ့
လိုက်အောင်လည်း စီပွားရေး၊လူမှုရေး၊
ဘာသာရေး၊ ပညာရေးတို့နှင့် အဘက်
ဘက်က ပြောစရာမရှိအောင် ပြည့်စုံ
ပါတယ်။ ကျွန်တော်တို့ ရွာရဲ့ အနေအ
ထားကို ပြောပြချင်ပါတယ်။ ရွာမှာရှိတဲ့
အိမ်ခြေကတော့ ၁၅၀၀ ကျော်ခန့်ရှိ
တယ်(အတိအကျမသိလို့)။ရွာကိုတည်
ဆောက်ထားတာကတော့ က၊ခ၊ဂ၊ဃ၊
င၊စ ဆိုပြီင်္း ရပ်ကွက်ကြီး(၆) ရပ်ကွက်နဲ့
တည်ဆောက်ထားပါတယ်။ ဒါပေမယ့်
ခေါ်တာကတော့(က) ရပ်ကွက်၊ (ခ)ရပ်
ကွက်လို့ မခေါ်ပါဘူး။ အခေါ်အဝေါ်တွေ
က ထားဝယ်လိုဆိုတော့ ကျွန်တော် မ
ရေးပြတော့ပါဘူး။ ရွာရဲ့ အရှေ့ဘက်နှင့်
မြောက်ဘက်မှာ လယ်ယာစိုက်ပျိုးရေး
အတွက်လယ်ယာမြေကွက်တွေရှိသလို
တောင်ဘက်မှာ ပင်လယ်(ကပ္ပလီပင်
လယ်အော်) ရှိပါတယ်။ အနောက်ဘက်
မှာ မြစ်ကြီး၊ မြစ်ငယ် အသွယ်သွယ်စီး
ဆင်းလျက် ရှိပါတယ်။ ဘာသာရေးအ
ပိုင်းအရ ပြောရမယ်ဆိုရင် ဘုန်းကြီး
ကျောင်း (၇)ကျောင်းရှိပါတယ်။အခေါ်
အဝေါ်တွေကတော့ အရှေ့ကျောင်း၊ ရွာ
လယ်ကျောင်း၊ အပြင်ကျောင်း၊တောင်း
ကျောင်း အစရှိသည်ဖြင့် ခေါ်ဆိုကြပါ
တယ်။ တောင်ကျောင်းလို့ ခေါ်ဆိုတာ
ကတော့ ရွာရဲ့ တောင်ဘက်မှာ ရှိလို့
ခေါ်တာမဟုတ်ပါဘူး။ပေ(၂၀) တောင်
မမြင့်တဲ့ကျွန်တော်တို့ ရွာလေးရဲ့တောင်
ပေါ်မှာ ရှိလို့ တောင်ကျောင်းလို့ ခေါ်ဆို
ုကြပါတယ်။ အပြင်ကျောင်းကတော့ မိုး
ကုတ်ဆရာတော်ကြီးရဲ့ ၀ိပဿနာရူ့
နည်းတွေကို ကျင့်ကြံအားထုတ်တဲ့ တ
ရားစခန်းတစ်ခုဖြစ်ပါတယ်။ ပွဲတော်တွေ
လည်း ရာသီလိုက် နစ်စဉ်နစ်တိုင်း ကျင်း
ပပါတယ်။ အဓိကတော့ တန်ဆောင်တိုင်
ပွဲတော်မှာ ကျင်းပတဲ့ နှစ်ကျိုပ်ရှစ်ဆူ ဘု
ရားပွဲတော်ကတော့အရမ်းကို စည်းကား
လုပါတယ်။ ပညာရေးအပိုင်းအရ ပြောရ
မယ်ဆိုရင် ရပ်ကွက်လိုက် မှုလတန်း
ကျောင်းတွေ ရှိပါတယ်။အလယ်တန်း
ကျောင်းနှင့် အထက်တန်းကျောင်းက
တော့ တွဲလျှက်တစ်ကျောင်းပဲရှိပါတယ်။
စီးပွားရေးအပိုင်းအရ ပြောရမယ်ဆိုရင်
ငါးဖမ်းလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ အ
ရောင်းအ၀ယ်လုပ်ငန်း တို့ရှိပါတယ်။အဓိ
ကတော့ ငါးဖမ်းလုပ်ငန်းပါပဲ။ ရွာရဲ့ရှုခင်း
လေးတွေကတော့ သာယာလှပတဲ့ ပင်
လယ်ကမ်းခြေမှာ နေ၀င်ဆည်းဆာကို
ကြည့်ရှုပန်းဖြေနိုင် ခြင်းတစ်ခုပေါ့။ ရွာပြင်
မှာရှိတဲ့ ကွင်းပြင်ကြီးကတော့ ရွာရဲ့ထူးခြား
ချက်လေးတစ်ခုပေါ့။ အဲဒီကွင်းကို ဘုရား
ကွင်းလို့ ခေါ်ဆိုကြပါတယ်။ အကြောင်းက
တော့ အဲဒီကွင်းကြီးမှာ ရွားဦးစေတီဘုရား
နှစ်ဆူအပြင် နှစ်ကျိုပ်ရှစ်ဆူ ဘုရားများ
ကိန်းဝပ်စံပယ်တော်မှုသော နေရာလေး
တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့်လပြည့်
နေများတွင်လူငယ်များ ဘုရားဖူးလာရင်း
နှင့် ၀ိုင်းဖွဲ့စကားပြောကြခြင်းပါပဲ။ ဒါက
တော့ ကျွန်တော်နေတဲ့ ရွာလေးရဲ့အ
ကြောင်းပါ။ စာဖတ်သူညီအကိုများကို
အထူးပဲကျေးဇူးတင်ပါတယ်။နောက်
ထပ်သိချင်တာလေးတွေ ရှိရင်တော့
နည်းနည်းသည်းခံပြီးစောင့်ဆိုင်းပေး
စေချင်ပါတယ်....(ကျွန်တော်လည်း
ရွာသူကြီးကို ထပ်မမေးရသေးလို့ပါ...ဟီဟိ)။